Professional Authors

ငါမပြောဘူးလားမိယမုံ ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့…..(2) (terry)

ဖြတ်သွားဖြတ်လာ
လောကွတ်မျိုးတော့မဟုတ်ဘူး…
မပေးနိုင်တော့သူနဲ့
မယူနိုင်တော့သူကြား
သူငယ်ချင်းဆိုတာခြားပြီး…လွမ်းတယ်။
အဆင်မှပြေပါလေစ……မိယမုံ။

“ငါတို့ အားလုံးပြောင်းလဲသွားတယ်နော်”
နေရာဒေသအရအရောင်ပြောင်းလဲ
အပေါ်ယံကြောတင်းနေတဲ့ရေခဲပေမယ့်
ငါလည်းရေပါပဲ …. ယမုံရယ်။
အချစ်ဟာ
အချိန်ကာလကိုကျော်ပြီး
မတွေးခေါ်နိုင်ဘူးလို့လည်း
သူမယုံကြည်ထားပုံရတယ်။
အရင်လိုသစ်ရွက်လှုပ်ရင်ရီတုန်းပဲလား…..မိယမုံ။

နင်ပြောတာမှန်ပါတယ်……
ငါတို့ ကလေးတွေမှမဟုတ်တော့တာ
ငါသိချင်တယ်…ယမုံရယ်
အချစ်ဟာ
ငယ်တုန်းရွယ်တုန်းပဲလောင်ကျွမ်းလို့ ကောင်းတဲ့
ကောက်ရိုးလိုပဲလား…….။

ထားပါ……….။
ကိုယ့်အတ္တကိုယ်ပဲ
ငါတို့ ပြန်ဖတ်ရအောင်။
“ကျွန်မ သူ့ ကိုပဲ ချစ်တယ်။ “
နားလည်ပါတယ်….
ဘယ်လိုနည်းပညာနဲ့မှ
ဆေးမမှီတဲ့အဲ့ဒီရောဂါကို
မျှော်လင့်ချက်ကင်ဆာလို့ ခေါ်တယ်။
ရေချိန်လွန်သွားတဲ့မေတ္တာတရားဆီက
ငါဘာကိုများထပ်မံမျှော်လင့်ရဦးမလဲ။

နင့်ကိုမပြဖူးတဲ့ကဗျာတစ်ပုဒ်ရှိတယ်ဆိုရင်
ခေါင်းစဉ်ဟာ ကြေကွဲခြင်းလို့ အမည်ရမယ်။
အနီရောင်ကြတ်ခြေခတ်တွေကိုမြင်တိုင်း
ငါ့ကိုမုန်းပါ။
ယုံကြည်ချက်ချင်းတူပေမယ့်
အသံထွက်ကွဲခဲ့တဲ့နောက်တော့
အနာဂတ်ကငါ့ကို
ရှိုက်သံတွေနဲ့ပဲတန်တဲ့ကောင်တဲ့။
ဒါနဲ့ငါလည်းစာအုပ်ကိုပိတ်လိုက်တယ်…။

ရပါတယ်….။
ကျေးဇူးလည်းမတင်ပါနဲ့ 
ပေးလိုက်ပြီဆိုကတည်းက
ပြန်ရဖို့ ဆိုတဲ့အတွေးပါ ထည့်ပေးလိုက်တယ်။
နင်လိုအပ်တဲ့ အချိန်မှသာသတိရပါ။
“ငါဖုန်းချလိုက်တော့မယ်………………….မိ ယ မုံ ။ “

                                                                            terry(4.5.2012……5.6.2012)

In: ကဗျာ Posted By: Date: Jun 6, 2012
Comment #1

လုံးဝမထင်ထားဘူး
နံပါတ်2 လာမယ်လို့
နံပါတ် 1 ကို အရမ်းကြိုက်ခဲ့တာလေ
ဖြစ်နိုင်မယ် ဆိုရင်ပေါ့ဗျာ
ခင်ဗျားရင်ထဲက မိယမုံ3 ကို ထပ်လာစေချင်တယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jun 6, 2012
Comment #2

wowwwwwwwww
strong words & feeling.
really nice,

why don’t u try?
why do u give up easily?
if u r eager,nothing is impossible.
noone can destory u,
u r the most important.
fighting.
u must b winner.

commentinfo By: ei lay at Jun 6, 2012
Comment #3

ဘယ် စကားလုံး ကို ရွေးကြိုက်ရမလဲ တယ်ရီ
လော ဘကြီးစွာ ကြိုက် မိရလောက်အောင် ရေးတတ်ပေတယ်
ငါလာရင် အရက်တိုက် ..ဒါ ပဲ …ငါ ဖုန်းချ လိုက်တော့မယ် .. :p

commentinfo By: sharon myorr myor at Jun 7, 2012
Comment #4

myor,,,,
r u drinker?
🙁
🙁

commentinfo By: ei lay at Jun 7, 2012
Comment #5

အို …မဟုတ် ရပါဘူးအိရယ်….မောင်လေး ကို စစနေကျမို့ ပါ ..ခါတိုင်း ကမျောတိုက်မယ် ချည်းပြောနေတာ..ကဗျာအကျ လေး နဲ့ ထည့်ပြော လိုက် တာကွယ်.. စူပုတ်ပုတ် နဲ့  ..ချစ်တယ်..မွမွ 🙂

commentinfo By: sharon myorr myor at Jun 7, 2012
Comment #6

he,,he,, 😛
daw tay tar pop,
tout ne naw, 🙁
ei lay kyike bu,,drinker yaw,,smoker yaw a yan mone de,

me too,,love u,, 🙂

commentinfo By: ei lay at Jun 7, 2012
Comment #7

ကျွန်မ သူ့ ကိုပဲ ချစ်တယ်။ “
နားလည်ပါတယ်….
ဘယ်လိုနည်းပညာနဲ့မှ
ဆေးမမှီတဲ့အဲ့ဒီရောဂါကို
မျှော်လင့်ချက်ကင်ဆာလို့ ခေါ်တယ်

စကားလုံးလေးတွေလှတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jun 7, 2012
Comment #8

ကိုတယ်ရီ…
သုံးထားတဲ့စာသားတွေကတော့ အရမ်းမိုက်တယ်..
ကဗျာတစ်ပုဒ်လုံး .. ကောင်းတယ်၊ကြိုက်တယ်ဗျ

commentinfo By: poem.poem28 at Jun 7, 2012
Comment #9

ကိုယ်တိုင်မရေးပြတက်တော့အောင် ကောင်းလို့ အပေါ်က အစ်ကိုအစ်မတွေရဲ့ ကွန်မန့်တွေအတိုင်းပါပဲ

commentinfo By: ရနံ့ at Jun 7, 2012
Comment #10

မပေးနိုင်တော့သူနဲ့
မယူနိုင်တော့သူကြား
သူငယ်ချင်းဆိုတာခြားပြီး…လွမ်းတယ်။

ဘယ်လိုနည်းပညာနဲ့မှ
ဆေးမမှီတဲ့အဲ့ဒီရောဂါကို
မျှော်လင့်ချက်ကင်ဆာလို့ ခေါ်တယ်။

သုံးထားတဲ့စာသားလေးတွေ အရမ်းလှတယ်

commentinfo By: yamone phoo at Jun 7, 2012
Comment #11

ဘာမှမပြောနိုင်လောက်အောင်ကိုဖြစ်မိပါတယ်
အစ်ကို

commentinfo By: loafer at Jun 8, 2012
Comment #12

သိပ်ကောင်းတဲ့ ခံစားချက် လေးတွေပါပဲ အကိုရာ

commentinfo By: သွေးသစ်မင်း at Jun 8, 2012
Comment #13

အ၇မ်း ကောင်းတယ် ကိုတယ်၇ီ………..ထပ်မံ အားပေးသွားပါတယ် ဂျာ…………. :p

commentinfo By: kaungzaw at Jun 13, 2012
Comment #14

ငါ ဖုန်းချလိုက်တော့မယ်…………………..မိ ယ မုံ အဲ့ဒါလေးကလွဲရင် ကျန်တာအကုန်လုံးဖတ်လို့ကောင်းကြောင်းပါဗျာ
အရေးအသားကိုလေးစားလျက် အားပေးသွားပါတယ် ~~~

commentinfo By: X - ray at Jun 21, 2012
Comment #15

ငါမပြောဘူးလားမိယမုံ :S

commentinfo By: sharon myorr myor at Dec 15, 2012
Comment #16

နင့်ကိုမပြဖူးတဲ့ကဗျာတစ်ပုဒ်ရှိတယ်ဆိုရင်
ခေါင်းစဉ်ဟာ ကြေကွဲခြင်းလို့ အမည်ရမယ်။
စကားလုံးတိုင်း သိပ် ကောင်းပါတယ် 🙂

commentinfo By: Aphyu at May 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment