Professional Authors

သူ့ကိုသာ နင်ရွေးချယ်လိုက်ပါ

ဘယ်သူကို ပိုချစ်တယ်ဆိုတာ
နင်တွေဝေကာ စဉ်စားမနေပါနဲ့
ငါ့ထက် သူ့ကို ပိုချစ်လို့
သူဘက် ခြေလှမ်းပြီးမှ
ဒီလိုတွေးမိတာ စောများစောနေမလား ချစ်သူ….

ဘယ်သူကို ပိုတန်ဖိုးထားတယ်ဆိုတာ
နင်စိတ်ညစ်ခံ အဖြေမထုတ်ပါနဲ့
ဘယ်သူတွေ ဘာပြောပြော
သူ့အတွက်နဲ့ နင်ခေါင်းမာနေပြီမှ
နောက်ဆုံးထွက်လာတဲ့ အဖြေက ငါဆိုမှ
ဟားတိုက် ရယ်မောတာ နင်ခံနေရမှာစိုးတယ် ချစ်သူ….

ငါ့ကိုသာ နင်တကယ်ချစ်ခဲ့ရင်
သူဆိုတာ ရှိလာမှာ မဟုတ်ဘူး
ဒါကြောင့် ဘယ်လိုမေးခွန်းတွေ တွေးမိမိ
သူကိုပဲ နင်ရွေးချယ်လိုက်ပါ ……

In: ကဗျာ Posted By: Date: Jun 6, 2012
Comment #1

လင်း….
ခံစားချက်တွေ…ကောင်းလှချည်းလား..

လင်

commentinfo By: poem.poem28 at Jun 6, 2012
Comment #2

phat shu r pay twar par d,

commentinfo By: ei lay at Jun 6, 2012
Comment #3

phat kyi lite tal
ayan kaung tal
ayan lay sar par tal

commentinfo By: arkar at Sep 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment