Professional Authors

ကွယ်လွန်သူ ရင်ငြိမ်းပွင့် ကောင်းမှု

အသက်ရှင်သန်ရခြင်းမှာ နာကျင်လွန်းလို.
လွတ်မြောက်မှု ၀ိမုတ္တိကို
တိုက်မြင့်မြင့်မှာ ရှာဖွေသွားသူကြီးရေ
အပြောင်မြောက်ဆုံး ဟာသဆိုတာက
ကြေကွဲဖွယ်အကောင်းဆုံး ဇာတ်လမ်းကိုဆိုလိုတယ်။

သစ္စာပျက်သူတွေက လွယ်လွယ်ပျက်ကြတယ်
သူ.ချစ်ခြင်းခွဲသူတွေကလည်း လွယ်လွယ်ခွဲကြတယ်
ကျန်ခဲ့ရသူတွေကတော့ လွယ်လွယ်ကူကူမကျန်ခဲ့ကြဘူး
ဒီလမ်းကို သူများတွေလည်းလျောက်ခဲ့ကြရတယ်
ခင်ဗျားကျမှ အသက်ကို အနိုင်ပိုင်းခဲ့လေခြင်းဗျာ။

သူ.ချစ်ခြင်းလုယူသူနဲ့ သစ္စာပျက်သူကို
ခင်ဗျားရဲ့ လှပတဲ့ ဂုဏ်ပြုပွဲမှာ
ခင်ဗျားမိဘမောင်နှမဆွေမျိုးတွေ
မျက်ရည်နဲ.လက်ခုပ်တီးပေးစေချင်တာလား
ခင်ဗျားသိပ်အောင်မြင်ခဲ့ပါတယ်။

အချစ်ကို သစ္စာမပျက်ဖို.တရားပြသွားသူ
အချစ်ကို မလုယက်ဖို. သွေးနဲ.ရေးသူ
ခင်ဗျား အမျှဝေတဲ့ကောင်းမှုက
အနိုင်ရတယ်ဆိုတောင် လမ်းမှားလေတယ်
ကျွန်တော်တို. သာဓုမခေါ်နိုင်ဘူး။    ။

In: ကဗျာ Posted By: Date: Jun 5, 2012
Comment #1

သစ္စာပျက်သူတွေက လွယ်လွယ်ပျက်ကြတယ်
သူ.ချစ်ခြင်းခွဲသူတွေကလည်း လွယ်လွယ်ခွဲကြတယ်
ကျန်ခဲ့ရသူတွေကတော့ လွယ်လွယ်ကူကူမကျန်ခဲ့ကြဘူး
ဒီလမ်းကို သူများတွေလည်းလျောက်ခဲ့ကြရတယ်
ခင်ဗျားကျမှ အသက်ကို အနိုင်ပိုင်းခဲ့လေခြင်းဗျာ။
ကဗျာကောင်းလေးဗျာ
အမြဲ အားပေးလေးစားလျှက်

commentinfo By: အသဲကွဲမိုး at Aug 13, 2012
Comment #2

သိပ်ကောင်တဲ့ကဗျာလေးပါလားဗျာ… အားပေးသွားပါတယ်

commentinfo By: နိုးဆက် နေ့ at Jan 29, 2013
Comment #3

အရမ်းကိုကြိုက်ပါတယ်

commentinfo By: ap at Apr 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment