Professional Authors

အို…….မီဒီယာ

လူတစ်ယောက်ဟာ မြေခြောက်ပေပဲလိုသတဲ့
တိုင်းပြည်တစ်ပြည်ကတော့
ဒီထက်ပိုလိမ့်မယ်။

မြေဘယ်ရွေ.ဘယ်မျှ
ရေဘယ်ရွေ.ဘယ်မျှဆိုတာထက်
ရှိနေတဲ့မြေလေးရေလေးတော့
ဘယ်သူမှမမြိုဖို. လိုပေမယ်။

တိုင်းပြည်ဆိုတာ
ကမ္ဘာတည်သ၍ မပျောက်ပျက်သင့်ဘူးမဟုတ်လား။

မြေတစ်ပေလောက်အောက်မှာ
မဟာပထ၀ီထု သိန်းသောင်းယူဇနာရှိနေတယ်
မိုင်နှစ်ရာကို
ငါတို.ဘယ်လိုရှုံးခဲ့သလဲ။

သူတို.တောင်းတာထက်ပိုပေးခဲ့ရချိန်
ငါတို.မသိခဲ့ရ
ငါတို.မကြားခဲ့ရ
ငါတို.မဖတ်ခဲ့ရ

ငါတို.မျက်စေ့တွေဘယ်မှာလဲ
ငါတို.နားတွေ ဘယ်မှာလဲ
ငါတို.အသံတွေဘယ်မှာလဲ။

ဇာတ်ခုံပေါ်ကိုပဲ မီးဆလိုက်တွေထိုးမနေပါနဲ.
တို.ကပွဲကြည့်ဖို.လာသူမဟုတ်ပါဘူး
တို.ဘ၀တွေထဲကို အလင်းပြပါ
တို.လမ်းကြောင်းပေါ်ကို အလင်းပြပါ
အမှန်တရားကို အလင်းပြပါ
အို…………..မီဒီယာ။

လူတိုင်းပြောနေတာကသတင်းလား
လူတိုင်းသိချင်တာကသတင်းလား
ခင်ဗျားတို.နည်းနည်းပြန်ခွဲခြား
ကြောင်းတူသံတူတွေများနိုင်လွန်း
သတင်းဆိုတာဦးရုံတင်မက
ပြည်သူကိုလှုပ်နှိုးနိုင်ရမယ်။

ဘင်္ဂလားပင်လယ်အော်
ကျွန်တော်တို.ပိုင်နက်မိုင်နှစ်ရာ
ကျွန်တော်တို.ဆုံးရှုံးခဲ့တာ
ကျွန်တော်တို. သိခွင့်မရှိဘူးလားဗျာ။

ဘယ်သူတွေမောင်းသံဝေခဲ့သလဲ
ဘယ်သူတွေ အကြောင်းကံ ခေခဲ့သလဲ
ဘယ်သူတွေ ပြောင်းပြန် နေခဲ့သလဲ
ကဲ …ခင်ဗျားတို.ရဲရဲဖြေ။

ခင်ဗျားတို.ကပြည်သူနား
ခင်ဗျားတို.က ပြည်သူ.မျက်စေ့
ခင်ဗျားတို.က ပြည်သူအသံ

ကဲ…..ကျုပ်တို.က ပြည်သူတွေ
ကျုပ်တို.နားကို ဘယ်သူပိတ်သလဲ

ကျုပ်တို.မျက်စေ့ ဘယ်သူဖောက်သလဲ
ကျုပ်တို.လျှာကို ဘယ်သူဖြတ်သလဲ
ခင်ဗျားတို.မီဒီယာပဲလို.
ကျုပ်ရဲရဲကြီး စွပ်စွဲလိုက်တယ်။   ။

In: ကဗျာ Posted By: Date: Jun 5, 2012
Comment #1

wow,,,
really really excellent.

commentinfo By: ei lay at Jun 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment