Professional Authors

အချစ်ဆိုတာ

မင်းအချစ်က

လှောင်ချိုင့်ထဲမှာ သော့ခတ်ထားချင်တာဆိုရင်

ငါ့အချစ်က

မင်းသော့ပိတ်ဖို.မေ့သွားရင်တောင်

ပျံထွက်မပြေးတာမျိုးပါ။

 

မင်းအချစ်က

သံသယတွေနဲ. နာကျင်နေရတာမျိုးဆိုရင်

ငါ့အချစ်က

မင်းသံသယပျောက်ဖို.

ငါ့လွတ်လပ်မှုကို စတေးခဲ့တာပါ။

 

အချစ်ဆိုတာ

တူညီမှုမဟုတ်ဘူးလေ၊

 

အချစ်ဆိုတာ အရှိန်နဲ.ပြေးလာတဲ့

ရထားနှစ်စင်းတွေ.ဆုံမှုမျိုးမဟုတ်လေဘူး

တစ်ယောက်က

အရှိန်နဲ.ပြေးတဲ့ ရထားဆိုရင်

တစ်ယောက်က

လမ်းမချော်အောင် အပွန်းပဲ့ခံပေးတဲ့

သံလမ်းတစ်စင်းပါပဲလေ။

 

အချစ်ဆိုတာ

အပေးချည်းပဲဆို

လျှံကျသွားလိမ့်မယ်

အယူချည်းပဲဆို

ခြောက်ခမ်းသွားလိမ့်မယ်

 

အချစ်ဆိုတာ

အပြိုင်အဆိုင်ကိစ္စမဟုတ်ဘူး

အပြန်အလှန်ကိစ္စ။

 

အချစ်ဆိုတာ

သူပေးရင်ကိုယ်ယူလို.

သူယူရင်ကိုယ်ပေးလို.

အပေးအယူကိစ္စပါပဲလေ။

In: ကဗျာ Posted By: Date: Jun 5, 2012
Comment #1

အချစ်ဆိုတာ . . . ။

commentinfo By: နတ်သမီး at Jun 5, 2012
Comment #2

yeahhhhhhhhhh
100% right.
really reallyyyyyyyyyy nice.
reallyyyyyyyyyy really like.
so touching to my heart deeply.

commentinfo By: ei lay at Jun 5, 2012
Comment #3

i like so much all choice of words,,thinking styles,,,believeness,,,

commentinfo By: ei lay at Jun 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment