Professional Authors

….. ၀တ် ရည် ချို …. ( sharon )

 

လာ…. ချစ် သူ

သံယောဇဉ်အချစ်  နားလည်မှုအချစ်တွေ နဲ့ 

နာကျင်ရောင်ရမ်းဖွယ် အတိတ် တချို့ ကို နုပျိုစေဖို့ 

ယုယု ယယ  ရူးနှမ်းမှု အဖြစ်

အိပ်မက် တွေ ကို မျှား ကြမယ်



လွမ်း ငွေ့  ချစ် ငွေ့ ဆို တာ  ကျက် ခဲ တဲ့ အနာ တစ်မျိုးလေ

 

 

လာ ….  ချစ် သူ

လေးဘက်လေးတန်  ရနံ့ စီးခြင်းမှာ

ယုံကြည်ခြင်း နဲ့  ခိုင်ကြည်ဖို့ 

လှိုင်းယောင်ဆောင်တတ်တဲ့ ကျော့ကွင်း (တချို့ ) ဖြည် ရအောင်

ခါးသက်ပူလောင် တာ ကိုမှ မြည်းစမ်းခဲ့ မိကြပေမယ့်




အဆုံး..ဆုံးသည်ထိ..အချစ်တွေ နဲ့  ချိုရအောင်

 

 


လာ…ချစ် သူ

အထိ အရှ များများ နဲ့ လွမ်းကြည့်ရအောင်

စာမျက်နှာတွေ ပေါ်မှာ နွေမိုးဆောင်းတွေ ခဏတိုင်း ကုန်ဆုံးပေမယ့်

အနာတရဒဏ်ရာတွေ ကို  ခဏတိုင်း ထုတ် မကြည့်နဲ့ 

မင်းလက်ထဲမှာ ဖူးပွင့် နေတတ် တဲ့ ပန်းတစ်ပွင့် အကြောင်း ကို



အိပ်မက် ထဲ ထိ သယ်ဆောင် ပေး ပါ

 


လာ..ချစ် သူ

ဒီလမ်းထက်မှာ ..  အမောဖြေဖို့ 

ရယ် သံလေး တွေ ထုပ် သိမ်း စို့ 

အလွမ်းတွေ ကိုထုပ်သိမ်း စို့ 

တည်ရှိ ပုံတွေ နှင့် ဆန္ဒတွေ ကို ထုပ်သိမ်းစို့ ရဲ့ 



ဖိနပ်စိမ်းလေးရယ် ..မင်းက ငါ့ အတွက် တော့ ဝတ်ရည်ချို ….

 


လာ … ချစ် သူ

အလွမ်းတွေ ကို မိုးတိမ် အဖြစ်ရွာချ လိုက် ပါ

ရုန်းထွက်မသာတဲ့  ပူလောင်ခြင်းမှာ နစ်မြုပ်နေလို့ ပါ

တခုတ်တရ ချရေး မိတိုင်း .. မြတ်မြတ်နိုးနိုး လွမ်းမိ ….. ငေး

သတိတရစိတ်တွေ  အနားသတ်တိုင်း



မင်း… က  ငါ့ ကိုယ် ပိုင် ကဗျာ

 


လာ..ချစ်သူ

နေ ထွက် ချိန် ကစ နေ၀င်သည် ထိ

အလွမ်း စိတ် ကို အပြန်အလှန်မျှဝေကြမယ်

ဂရုဏာတွေ ထွေးပြီး အချစ်တွေ နဲ့ ဖလှယ် ကြစို့ 

အချစ် နှင့် အိပ်မက်တွေကို ခြယ် သဖို့ 

နှုတ်ခမ်းလေးတွေ ကို  ရင်အုံနွေးပေါ်ကခုန်စေ စို့ 



အချစ် ဆို တာ ငါ့ အတွက် တော့ … ၀တ်ရည် ချို…

 

 

                                                    


                                                     sharon

 

                           ps>> ဖိ နပ် စိမ်း လေး အတွက် ရည်ရွယ် သည်

In: ကဗျာ Posted By: Date: Jun 2, 2012
Comment #1

………………………………….

commentinfo By: SoFarAwayFromU at Jun 2, 2012
Comment #2

”စာမျက်နှာတွေ ပေါ်မှာ နွေမိုးဆောင်းတွေ ခဏတိုင်း ကုန်ဆုံးပေမယ့်

အနာတရဒဏ်ရာတွေ ကို ခဏတိုင်း ထုတ် မကြည့်နဲ့ “

ဟုတ်တယ်။ ထုတ်ကြည့်တိုင်း ကျွန်တော့်အတွက်တော့ ဒဏ်ရာတွေဟာ အနာကျက်ကိုမကျက်နိုင်ဘူး။ သေရာပါဆိုရင်တောင် ကျေနပ်မိသလိုလို…

ခင်တဲ့
မိုးလူ

commentinfo By: Moe Thit at Jun 2, 2012
Comment #3

အနာ မကျက် နိုင် တာ ကို ပဲ ချို မိ ကြ သကိုးဗျာ..
ကျေကျေ နပ်နပ် ကို ချို မိ ကြ တာ ပါ ပဲ

commentinfo By: sharon myorr myor at Jun 2, 2012
Comment #4

wowwwwwwwwwww
cho ee saint twar tar pe,
so deliscious,
😛

commentinfo By: ei lay at Jun 2, 2012
Comment #5

sharon ..chyeju kaba sai yaw……myiprwi si ni lwi hkrat let hti matsing la kau sai… huuu..nang na poem ni gaw ngai na matu n gun tsi kaba re nga ai law..ngai sha chye ai..thanks..

commentinfo By: တာဇံ at Jun 16, 2012
Comment #6

thas 2 ei
and
tarzan 😀

commentinfo By: sharon myorr myor at Jun 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment