Professional Authors

လူတစ်ယောက် . ရင်ဘတ်တစ်ခု . ပကတိအပိုင်းအစများ

လေရူးတွေချွေတိုင်း

စိတ်ကူးတွေ ကြွေကျတတ်သူ

နှုတ်ဆိတ်နေတတ်မှုက ဒုက္ခ

ကြေကွဲခြင်းတောင်ပံတစ်စုံနဲ့

မွန်းကြပ်မှုတွေကြား ကိုယ့်ကိုကိုယ် လှောင်ပိတ်မိသူ

ကျောရိုးထဲမလဲ ငြီးငွေ့မှုတွေအပြည့်

သြော်… အတုံးလိုက်အတစ်လိုက်ပဲ ဘ၀က

ဂီတာအိုတစ်လက်ရယ်

အငှားချခြင်းခံရတဲ့ ရင်ဘတ်တစ်ခုရယ်

မင်မထွက်တစ်ထွက် ဘောပင်တစ်လက်ရယ်

စာရွက်ဖြူဖြူတွေကြား လျှောက်သွားနေတဲ့လက်

ခုထိ…ထမင်းဆီရွှဲရွှဲမဆမ်းနိုင်သေးဘူး ။

အတုအယောင်တွေ စားပွဲတင်ငြင်း

ရေစိမ်ခံပျက်လုံးတွေ ဖွဲ့သီ

မြူလိုလို စီးကရက်ခိုးတွေကြား

ဗျစ်ရည်ခါးမှော်အောင်ခဲ့တဲ့ညတွေနဲ့

ဘ၀က ဘိုသီဘတ်သီပဲ ။

ညှင်းသိုးသိုးဆံရှည်ကောင်အတွက် အချစ်ကလဲမရှိ/မသိ

မိုးပြိုမယ်ဆိုလည်း ကဗျာကို ဆက်ရေးနေမဲ့ကောင်

ကမ္ဘာမှာစိတ်ဝင်စားစရာရှိရင် လာပြောပေးကြပါ

သတ်ပုံမှားအောင် ပျင်းရိလွန်းနေလို့ ။ 

မိုးသစ် (ခ) မိုးလူ

 

In: ကဗျာ Posted By: Date: Jun 2, 2012
Comment #1

မိုးပြိုမယ်ဆိုလည်း ကဗျာကို ဆက်ရေးနေမဲ့ကောင်

ကမ္ဘာမှာစိတ်ဝင်စားစရာရှိရင် လာပြောပေးကြပါ

သတ်ပုံမှားအောင် ပျင်းရိလွန်းနေလို့ ။ ။မိုက်တယ်

commentinfo By: အသဲကွဲမိုး at Aug 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment