မရည်ရွယ်ပေမယ့်- – -ရက်စက်တဲ့အပြုံး
ချစ်သူ
ရင်မှာနင့်အောင် ချစ်ခဲ့ပေမယ့်
မင်းရှိတဲ့ဆီ မလှမ်းရဲဘူး
အဝေးကသာ ကြည့်လို.ပြုံးပြရတယ်
မင်းအပြုံးတွေကို ငါမမေ့သေးဘူး။
မချစ်မိခင်က ငါ့အတွက်
မင်းအပြုံးတွေက ငြိမ်းချမ်းပေမယ့်
ချစ်ခဲ့မိတဲ့ ငါ့အတွက်
မင်းအပြုံးတချက်က
ဓားသွားတလက်လိုပါပဲ
မရည်ရွယ်ပေမယ့် မင်းရဲ့အပြုံးက
ငါ့ရဲ့ရင်ကို ခွဲခဲ့လေပြီ ချစ်သူရယ်။
ငါမင်းကို ချစ်တယ်ဆိုတာကို
ဘယ်သူ့ကိုမှ ရင်မဖွင့်၇ဲလို့
တိတ်တိတ်သာငို
ဆိတ်ဆိတ်သာဆွေး
ငါ့အတွေးနဲ့ငါ မျောလွင့်ခွင့်ကိုတော့ဖြင့်
ပေးလှည့်ပါတော့ ချစ်သူ၇ယ်။
Comment #3
မရည်ရွယ်ပေမယ့်. . .ရက်စက်တဲ့အပြုံးတဲ့လားဗျာ စကားလုံးတွေက ရေလည်ထိမိတယ် ဖတ်ရှုခံစားသွားပါတယ် ။
By: X - ray at Nov 12, 2011
Comment #4
no way…
no way…
he,,he,,
just teasing naw…
myaw yin myaw yin ne pe myoke twar ong me naw.
he..he,,
By: ei lay at Nov 12, 2011
Leave Comments
Email me whenever there is new comment
Copyright © 2013 PoemsCorner. All rights reserved. Terms of Service




Comment #1
ဒုတိယအကြိမ်မြေက်ေ၇းသားတာပါ
အကြံပေးချက်လေးတွေကိုမျှော်လင့်လျှက်ပါနော်
have a nice day fri
byebye