Professional Authors

ရုပ်သေးရုပ်

-နင်မပါဘဲ
ဒီ“ကကြိုး“ကို
ဆက်ကဖို့
ငါ့အတွက်
ပင်ပန်းလွန်းတယ်………ချစ်သူ။…..။

-နင်လှပစွာ
ရေးခဲ့တဲ့
ဒီ“အလွမ်းဇာတ်“မှာ
ငါက
“မင်းသား“တဲ့လားကွာ။…..။

-အရောင်ပြောင်းခဲ့တဲ့
“မျက်လုံး“တွေကို
ဖတ်တတ်ဖို့အတွက်
ဒါဟာ
ငါ့အတွက်
“သင်ခန်းစာ“တစ်ခုလား။…..။

-ငါမတောင်းဆိုပါဘဲနဲ့
ဒီ“အလွမ်း“တွေကိုတော့
နင်ရက်ရောခဲ့သားပဲနော်။…..။

-သွားပြီ……….ချစ်သူ
နင်ပေးခဲ့တဲ့
“ဒီအလွမ်း“နဲ့ပဲ
ဒီ“ဇာတ်ခုံ“ကို
ကျောခိုင်းခဲ့ပြီ။…….
“လှောင်ရယ်သံ“တွေနဲ့တော့
နှုတ်မဆက်လိုက်ပါနဲ့ကွာ
တောင်းပန်ခဲ့ပါတယ်။…..။

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

-ငါမတောင်းဆိုပါဘဲနဲ့
ဒီ“အလွမ်း“တွေကိုတော့
နင်ရက်ရောခဲ့သားပဲနော်။…..။
နင်.ချစ်သူကို အဲလောက်တောင်ချစ်ရသလားဟာ

commentinfo By: homerungirl1 at Jan 6, 2011
Comment #2

mike de kwar.
heart hti de

commentinfo By: ei lay at May 7, 2012
Comment #3

ခုလိုအားပေးတဲ့အတွက် ကျေးဇူးတင်တယ်…ကျန်တာလေးတွေလဲဖတ်ပြီး ဝေဖန်ပေးပါ…

commentinfo By: reinminn at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment