Professional Authors

အရှုံးတွေထဲမှာ နေပျော်တယ်

အရှုံးတွေထဲမှာ နေပျော်တယ်
ရပါစေတော့ရယ်လို့ မျှော်ကိုးခဲ့ရင်
ပေးဆပ်ခြင်းတွေ မရက်ရောဘူး ……

အရှုံးတွေထဲမှာ နေပျော်တယ်
ချုံးပွဲချငိုကြွေးတဲ့ ရက်တွေမှာ
တိုးလျိုးသံဖျော့ဖျော့တွေ ပြန့်ကျဲနေ …

အရှုံးတွေထဲမှာ နေပျော်တယ်
သေရာပါဒဏ်ရာအပြည့်နဲ့
ကျိန်စာသင့်ရက်စွဲတွေ
ရင်ကော့ပြီးဖြတ်နေရ ……

အရှုံးတွေထဲမှာ နေပျော်တယ်
ရက်ရာဇာပါရင်တောင်
ပြဿဒါးဖြစ်ဖြစ်သွားတော့
ထူးပြီးတော့မကြေကွဲတတ်ခဲ့ …..

အရှုံးတွေထဲမှာ နေပျော်တယ်
ငါနဲ့မဆိုင်တဲ့ ကံကောင်းခြင်းရေ
ဘယ်တော့မှလာမပတ်သတ်လည်း
ယောင်ယောင်လေးတောင် မလွမ်းချင် …

အရှုံးတွေထဲမှာ နေပျော်တယ်
နေ့စဉ်မှတ်တမ်းဟာ
သမိုင်းဖြစ်လာစေဖို့
ဒီရာဇဝင်ကို သွေးနဲ့ဆိုလည်း ရေးမယ် …..

အရှုံးတွေထဲမှာ နေပျော်တယ်
မပိုင်ဆိုင်ရစေဦးတော့
ချစ်နေရရင်ပဲနေပျော်ပြီ
အရှုံးတွေထဲမှာနေပျော်တယ်

အရှုံးတွေထဲမှာ………..

အ…ရှုံး…တွေ…ထဲ…မှာ ……။။။

အမရာ

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

အရှုံးတွေထဲမှာ နေပျော်တယ်
ရက်ရာဇာပါရင်တောင်
ပြဿဒါးဖြစ်ဖြစ်သွားတော့
ထူးပြီးတော့မကြေကွဲတတ်ခဲ့ …

commentinfo By: May Kha at Jul 11, 2011
Comment #2

အရှုံးတွေထဲမှာ နေပျော်တယ်
မပိုင်ဆိုင်ရစေဦးတော့
ချစ်နေရရင်ပဲနေပျော်ပြီ
အရှုံးတွေထဲမှာနေပျော်တယ်

အရှုံးတွေထဲမှာ………..

အ…ရှုံး…တွေ…ထဲ…မှာ ……။။။
အားပေးသွားပါတယ်။အမရာ

commentinfo By: poem.poem28 at Jul 11, 2011
Comment #3

wow,,,
i m envious of u,
i admire ur love

commentinfo By: ei lay at Feb 5, 2012
Comment #4

အရှုံးတွေထဲမှာ နေပျော်တယ်
ငါနဲ့မဆိုင်တဲ့ ကံကောင်းခြင်းရေ
ဘယ်တော့မှလာမပတ်သတ်လည်း
ယောင်ယောင်လေးတောင် မလွမ်းချင် …

commentinfo By: poohmay at Mar 22, 2012
Comment #5

be hna khar hman ti dot bu,,
khan sar arr pay twar par d.

commentinfo By: ei lay at Mar 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment