Professional Authors

ရိုးသားစွာဦးခိုက်လိုက်တယ်

မနေ့တစ်နေ့ကအထိ
အကောင်းအတိုင်းရှိခဲ့တဲ့ငါ့နှလုံးသား
ဒီနေ့ရောက်တော့
ဗြောင်းဆန်သွားပြီ……။
ကြိုးကြာငှက်လေးရဲ့ကကြိုးမှာ
အသက်ရှူဖို့မေ့မြော…
နှလုံးသားကောင်းကင်မျက်နှာကျက်က
ရင်ခုန်သံကြွေအကျ
မြေခသွားတဲ့ငါ့နှလုံးသားကို
ပြန်ကောက်ချိန်မရလိုက်ဘူး………။
အကြည့်တစ်ချက်ဆုံချိန်မှာ
ကမ္ဘာကြီးတစ်ခုလုံးအပြာရောင်လွှမ်းမိုး
ပိတုန်းရောင်ဆံကေသာအလွင့်
ရင်ခွင်တံခါးဟင်းလင်းပွင့်သွားခဲ့တယ်……
ညမဟုတ်ပေမယ့်
ငါ့ကောင်းကင်မှာလတစ်စင်းထွက်ပေါ်တဲ့အခိုက်မှာ
နံဘေးမှာဝိုင်းရံနေတဲ့ကြယ်စင်တွေအားလုံးကို
လျစ်လျူရှုနိုင်ခဲ့ပြီ…..။
ငါ့ကဗျာအားလုံးရဲ့ဖန်ဆင်းရှင်
ငါ့နေ့သစ်တွေအတွက်မျှော်လင့်ချက်
ဘ၀တစ်ခုလုံးရဲ့မီးပြတိုက်ဖြစ်တဲ့မင်းကို
လေးလေးစားစားဦးခိုက်လိုက်ပါတယ်…………..။

In: ကဗျာ Posted By: Date: May 28, 2012
Comment #1

wowwwwwww
so touching,,

commentinfo By: ei lay at May 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment