Professional Authors

သက်ဆိုင်သူသို့

အပြောအဆို
နှုတ်ချိုသာတော့လဲ
မာယာအကြောင်းမသိတဲ့ငါ
ယုံမိတာပေါ့…

အချိန်တွေကြာ
ရင်မှာတွယ်ညိပြန်တော့
တကယ်မသိခဲ့တာပါ
နင်ညာနေမှန်း…

နှလုံးကွဲကြေ
အသက်သေမလိုဖြစ်မှ
နင့်ကိုကြည့်လိုက်မိတယ်
ရယ်လို့  မောလို့…..

နှုတ်ချိုအပြော
မှော်ရုံတောထက်ဆိုးတဲ့
မရိုးနိုင် အလိမ်ညာအောက်မှာ
ငါ ကျဆုံးခဲ့ပါပေါ့….

နှလုံးသားကဒဏ်ရာ
မစာနာတတ်ရင်လည်း
ပြောပြချင်သေးတယ်
အသက်သွေးမကချစ်ခဲ့ရလို့
တစ်ရက်လေးမှမမုန်းနိုင်ပါဘူး
ဆိုင်သူကြားစေ…နားလည်စေ…။

In: ကဗျာ Posted By: Date: Aug 28, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment