Professional Authors

လူနှင့် လေဟာနယ်

အမြုပ်တစ်စီစီ ထနေ လိုက် တာ…
အတွေးတွေတောင် လျှံကျ လာသေး…
အမြုပ် တွေ ..အဲဒါက …
ကောင်းမှု၊မကောင်းမှုတွေ လည်ပင်းနစ်အောင်
ဖြည့်ပြီးမှ ရ လာတာလား
(ဟုတ် ပ…လျှံတောင် ကျ နေ သေး)

လူငယ် ဆိုတော့….လူငယ်လို ပဲ တွေးတယ်…
ခဏပဲစောင့်..(အတွေးတွေ၇င်ကျပ်လာလိမ့်မယ်)
မိန်းမတွေမကောင်းဘူး
ယောကျာ်းတွေမကောင်းဘူး
လူတွေမကောင်းဘူး…
မကောင်းတာတွေပြောရင်း
ကိုယ် ကောင်းတာတွေ အသားကုန် 
လှစ်ပြကြ…..

ခင်ဗျားတော်ပါ တယ်…..
မဟုတ် တဲ့ နေ ရာမှာတောင် ခင်ဗျားကတော်တယ်….
သေချာတယ်
ခင်ဗျားဟာရှောင်ကိုဘေးရဲ့ အမူအကျင့်(၇)ရပ် မဟုတ် ဘူး
အက်ဝပ်စ်ဒီဘိုးနိုးနဲ့ ဖြန့်ထွက်တွေးခြင်းမဟုတ်ဘူး
ဒေးကာနပ်ဂျီ ရဲ့.. မိတ္တဗလ ဋီကာ လည်း…မဟုတ် ဘူး…

သိပ်ရှုပ်သွားသလား…??
ဒါဖြင့် မြန်မာလိုပြော မယ်….
ခင်ဗျား..ဟာ..ဘာမှမဟုတ်ဘူး…

နှစ်၂၀လုံးလုံး ကျုပ် သင် ခဲ့ ရ တာတွေထဲမှာ
အဖိုးအတန်ဆုံးက.. လူကလူထက်ဘာမှမပိုဘူးဆိုတာပဲ.
ဘ၀ဆိုတာ…ရိုးပါ တယ်….
(…..မွေး၊ထ၊အိပ်၊သေ………)
အခု ဘီယာခွက်ထဲမှာ အမြုပ် တွေရှိသေးလား???
အခု ဘီယာခွက်တွေမြင်ရင်ကျုပ်တော့ ကုန်အောင်သောက်ပစ်လိုက်ဖို့ပဲကြိုးစားတယ်…။

In: ကဗျာ Posted By: Date: May 27, 2012
Comment #1

မိန်းမတွေမကောင်းဘူး
ယောကျာ်းတွေမကောင်းဘူး
လူတွေမကောင်းဘူး…
မကောင်းတာတွေပြောရင်း
ကိုယ် ကောင်းတာတွေ အသားကုန်
လှစ်ပြကြ…..

commentinfo By: May Kha at May 27, 2012
Comment #2

ကဗျာကောင်းလေးပဲဗျ…
goodတယ်။

commentinfo By: poem.poem28 at May 27, 2012
Comment #3

ခင်ဗျားတော်ပါ တယ်…..
မဟုတ် တဲ့ နေ ရာမှာတော်တာတော့မဟုတ်ပါဘူးခင်ဗျားကတော်တယ်….
သေချာတယ်
ခင်ဗျားဟာရှောင်ကိုဘေးရဲ့ အမူအကျင့်(၇)ရပ် မဟုတ် ဘူး
ဒီဘိုးနိုးရဲ့ ဖြန့်ထွက်တွေးခြင်းမဟုတ်ဘူး
ဒေးကာနပ်ဂျီ ရဲ့.. မိတ္တဗလ ဋီကာ လည်း…မဟုတ် ဘူး…

သိပ်ရှုပ်သွားသလား…??
ဒါဖြင့် မြန်မာလိုပြော မယ်….
ခင်ဗျား..ဟာ..ကဗျာဆရာတစ်ယောက်ပါဗျာ
ဒီကဗျာလေးကို ကြိုက်တယ်

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment