Professional Authors

ပဟေဠိများတဲ့ လမ်းစဉ်

 

လျှိုဝှက်ချက်များနိုင်လွန်းတဲ

ထောင်ချောက်များလွန်းတဲ့

လောကဇာတ်ခုံပေါ်မှာ ကကြိုးစုံပါရဲ့

လှည့်စားတတ်တဲ့ အရာတွေက

နည်းပညာမတက်မြောက်ခင်တော့

မျက်လှည့်ဆရာ တော်တုန်းပဲပေါ့..။

 

မတည်မြဲတဲ့ စည်စိမ်းတွေကို ယစ်မူးခြင်းက

ဘဝပင်လယ်မှာ ကိုယ်မောင်းနှင်တဲ့ လှေ..

မပြိုကျခင်တော့ ဦးမော့နေအုန်းမှာပေါ့…

ပြိုကျ ပျက်စီးသွားတဲ့ တနေ့တော့

ခဝါချလို့ ဦးချို ကျိုးခဲ့ရင်…

အရင်တိုင်း နေနိုင်မလား…?

 

ခေါင်းထောင်နေတဲ မြွေဟာ

အဆိပ်ရှိတဲ့ အခိုက်အတန့်မှာ

မာန်ထောင်လို့ ပါးပျဉ်းခွက်နေတာပါ

အဆိပ်ကုန်ခန်း မာန်ကုန်ခန်းတဲ့ တနေ့…

ပါးပျဉ်ခွက်ဆိုတာ ဖြစ်နိုင်မလား?

 

ကံကောင်းလို့ လူ့ဘောင် တောင်ထွဋ် တနေရာမှာ

ဇိမ်ခံစည်စိမ်းတွေ အပြည့်အဝ ခံစားရပေမဲ့

ကံမှောက်လို့ ဇိမ်ပျောက်တဲ့ တနေ့တော့

မတည်မြဲတဲ့ အရူးချမ်းသာနဲ့ ရာထူးတွေကို

ယစ်မူးနေအုန်းမှာလား…?

 

ပြဇာတ်ရေး ဆရာ အရေးကောင်းပေမဲ့

ပြဇာတ်မတိုက်တက်တဲ့ နည်းတွေကြောင့်

ဂျပန်မေခြည်ဘုရင် လက်မှိုင်ကျ

အလင်းရောင်မရ ရေ မရတဲ့

အဆင်မပြေတဲ့ ညကို ဖြတ်သန်းနိုင်မလား..?

 

ဘဝတွေက မတူညီကြ

ခံစားချက်မမျှတတဲ့ လူ့လောက

လူ့ဘောင်ထဲ အခြေခံ

အလုပ်လက်မဲ့ အစားအတွက်

လှုပ်ရှားလာတဲ့ လက်ချောင်းလေးတွေ ကြည့်ပါ

အထက်က လှုပ်တာလား…

အောက်က လှုပ်တာလား..?

 

နားလည်ပေးပါ..

သူတို့ကို ချစ်ရင်…

သူတို့ထဲကို သွားပါ..

သူတို့ထဲမှာ နေထိုင်ပါ..

သူတို့ထဲမှာ လေ့လာ သင်ယူပါ..

သူတို့ထဲမှာ ပညာရှင်တွေ ရှိတယ်…

သူတို့ထဲမှာ အကြံတောင်းပါ..

သူတို့ထဲမှာ ဥပဒေ တည်ဆောက်ပါ..

သူတို့ထဲမှာ တိုးတက်မှုကို တည်ဆောက်ပါ..

သူတို့ထဲမှာ လွတ်လပ်ရေး လုပ်ပါ..

သူတို့ထဲမှာ ငြိမ်းချမ်းရေး လုပ်ပါ..

သူတို့ထဲမှာ လိုအပ်နေတာ ရှိတယ်..

သူတို့ထဲမှာ မပြည့်စုံမှုတွေ ရှိတယ်..

သူတို့ဆီမှာ မေတ္တာတွေ ရှိတယ်..

သူတို့ကို မျက်စိဖွင့်ပေးလိုက်ပါ..

သူတို့ကို အလင်းရောင် ပေးလိုက်ပါ..

သူတို့ လုပ်နိုင်တဲ့ အင်အားနဲ့ တိုးတက်ရေးကို

သူတို့ တာဝန်သိ စိတ်ဓာတ်နဲ့ လုပ်ဆောင်ပေးလိမ့်မယ်…

အဲဒါမှာ မှန်ကန်တဲ့ လမ်းစဉ်ကောင်းဖြစ်မှာ သေခြာတယ် မဟုတ်လား..?

 

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: May 26, 2012
Comment #1

nice thinking,brother.

commentinfo By: ei lay at May 26, 2012
Comment #2

လျှိုဝှက်ချက်များနိုင်လွန်းတဲ

ထောင်ချောက်များလွန်းတဲ့

လောကဇာတ်ခုံပေါ်မှာ ကကြိုးစုံပါရဲ့

လှည့်စားတတ်တဲ့ အရာတွေက

နည်းပညာမတက်မြောက်ခင်တော့

မျက်လှည့်ဆရာ တော်တုန်းပဲပေါ့..။

commentinfo By: May Kha at May 27, 2012
Comment #3

ကျေးဇူးပါ… ညီမအိလေးရေ…
နောက်လည်း အားပေးအုန်းနော်….

commentinfo By: venpunna at May 28, 2012
Comment #4

မေခရေ… လာရောက်အားပေးသည့်အတွက် အထူးကျေးဇူးတင်ပါတယ်…။

commentinfo By: venpunna at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment