Professional Authors

သံယောစဉ်အစွန်အဖျားဝတ္ထုမှကဗျာ…………

ဘယ်သူခွဲတာလဲ
သူလည်း….ငို
ကိုယ်လည်း….ရှိုက်
လပြည့်ညကြီးမှောင်မိုက်သွားသလို
ကိုယ့်ဆန္ဒတွေမီးလောင်ပြာကျ
သတိရခြင်းတွေအုံကြွပေါက်ကွဲ
မျက်ဝန်းချော်ရည်တွေ
ပါးပြင်ပေါ်ကိုလောင်မြိုက်တိုက်စား
နှလုံးသားမှာခါးသက်ထုံကျင်
အိပ်ပျော်ချင်ပေမယ့်လည်းအိပ်ဖို့ခက်ခဲ
အိပ်မက်ထဲမှာအော်ဟစ်ခံပြင်း
ငှက်နှစ်ကောင်လိုပျံရင်းဖေါ်ကွဲ
မခေါ်ပဲလာတဲ့
ဒြပ်မဲ့စွာ…ဒဏ်ရာတွေလေ
ဘယ်သူပေးတာလဲ………………………..။မောင်လှမျိုး(ချင်းချောင်းခြံ)

In: ကဗျာ Posted By: Date: May 22, 2012
Comment #1

oh,,,,,,,,
really suffer pain.

commentinfo By: ei lay at May 22, 2012
Comment #2

thanks for sharing .
Love it.

commentinfo By: May Kha at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment