Professional Authors

အတုံ့ အလှည်…..

တစ်ချို့  လူတွေ….
လူတစ်ဖက်သား နာကျင်ခံစားနေရတာတောင် ပျော်နိုင်ကြတယ်…
အဲဒီထဲမှာ ငါဘာလို့  မပါတာလဲ…
ကံမကောင်းမကြောင်းမလှလို…နိုင်ခဲ့ရင်တောင်….ရှုံးသူငိုရင်…..သနားပိုတတ်တဲ့ငါ….
ငါ့အလှည့်ကြတော့….စုတ်သတ်သံတောင်မကြားလိုက်ရဘူး…
လောကဓံက ကြမ်းတမ်းလွန်းတာလား…
ငါကိုယ်တိုင်က ပျော့ညံ့   လွန်းတာလားမသိပေမယ့်…
သတိရလိုက်တဲ့အချိန်မှာ…ဒဏ်ရာတွေနဲ့   ပေပွလို့….
အပြစ်ကင်းပါတယ်ဆိုတဲ့ မျက်ဝန်းတွေလဲ…မာယာတွေစွန်းထင်းလို့….
နူးညံ့တဲ့ အသဲနှလုံးကလဲ…တစ်စစီကြေမွနေပြီ…

ဒူးထောက်ထားတာတောင်…
ထပ်ကာထပ်ကာ နင်းခြေချင်ကြသေးတယ်
မလွန်လွန်းဘူးလားကွယ်…
ချစ်ခြင်းတွေနဲ့   ဆို့  နစ်နေလို့   …ရပ်ပါတော့လို့ အော်ဖို့  တောင်ခွန်အားတွေမဲ့နေတယ်…
အသနား ခံတဲ့ မျက်ဝန်းတွေကို အရသာရှိရှိစားစားသုံးပြီး ရီမောနေလိုက်ကြတာ…

နင်မျက်နှာညိုမှာကိုတောင် ကြောက်ခဲ့တဲ့ငါ…
နှလုံးသွေးတွေ ဒဏ်ရာတွေနဲ့  စိုရွှဲနေလည်း နင်လှည့်မကြည့်ခဲ့ပါလား…
ချစ်မိတဲ့ငါမှားတာလား….
အပြစ်မရှိဘူးလို့  နင်ထင်နေတာလား…
လူတစ်ယောက်ရဲ့  သည်းခံနိုင်စွမ်းကို…သချာင်္ကျွမ်းလို့  ညီမျှခြင်းချ အဖြေထုတ်ချင်တာလား…
နင့် ကြောင့်ပြိုလဲသွားတဲ့ ငါ့ဘ၀တစ်ခုကို
ပြန်လျော်ပေးဖို့   ချိန်ခွင်လိုက်ရှာနေခဲ့သလား…

ကြားဖူးတဲ့ တရုတ်စကားပုံတစ်ခုရှိတယ်
ကလဲ့စားဖြေဖို့  ဆုံးဖြတ်ရင်…
မြေကျင်းကိုနှစ်ခုတူးထားပါတဲ့…
ကလဲ့စားခြေခြင်းဟာ…အမြဲနှစ်ဦးနှစ်ဖက်နစ်နာတတ်လို့  ပါတဲ့…
ငါ ဘယ်တုန်းကမှ နင့်ကို လက်တုံ့  ပြန်ဖို့   စိတ်မကူးခဲ့ဘူး…
ဒါပေမယ့်အခုတော့…ငါ မြေကျင်းတူးထားလိုက်တော့မယ်…
နင့်ကို မနာကျင်စေချင်ခဲ့တာအမှန်ပါ..
ဒါပေမယ့် အရူးအမူးချစ်ခဲ့ပေမယ့် ဒူးမထောက်နိုင်တော့တဲ့ ငါ့မာနအတွက်…
နင်တကယ်ကို အလျော်ပေးချင်တယ်ဆိုရင်လဲ…
တန်ရာတန်ကြေးပေါ့….

In: ကဗျာ Posted By: Date: Aug 25, 2009
Comment #1

ဒီလိုပါပဲ လောကကြီးဟာ …
မြေကျင်းက တခုထဲတူးထားတာလား …
ကြောက်လာပြီ 😛

commentinfo By: harry at Aug 28, 2009
Comment #2

လိုရမယ်ရ သုံးခုလောက် တူးထားမလားစဉ်းစားနေတယ်…
😛

commentinfo By: maylaynge at Aug 28, 2009
Comment #3

every time happy

commentinfo By: tinwinaung at Sep 29, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment