နှစ်ပြီးတော့နှစ် (ဖြိုးဖြိုး)
အခုဆိုရင် ၂၃ တဲ့
ပြက္ခဒိန်က လှမ်းပြောတာ..
ဒီလိုနဲ့
အမှတ်တမဲ့ လှည့်ကြည့်တဲ့ ဒီ ၂၂ မှာ
မေမေရေ
မှားခဲ့တာ က ၂၂ ခုမကဘူး..
မတော်တဆရော
တော်တော်ဆဆရော
ရှုံးနိမ့်တာလည်း ၂၂ ခါမကဘူး..
၂၂ ခါမက ပြုစုပေးဖူးတဲ့မေမေ့ကို
သမီး ဘယ်နှခါ ပြုစုပေးဖူးပါသလဲ..
မေမေနဲ့ပတ်သက်ရင်
၂၂ ခါ မက ဂုဏ်ယူဖူးတဲ့ သမီးက
မေမေ့အတွက်ရော
ဘယ်နှခါဂုဏ်ယူစေခဲ့ရသလဲ..
သမီး မသိပါဘူး
သိအောင်လည်း မကြိုးစားတော့ဘူးလေနော်..
မေမေ ၀ယ်ပေးဖူးတဲ့ အရုပ်တွေက
၂၂ ခုမကပေမယ့်
သမီးရခဲ့ဖူးတဲ့ ဆုတံဆိပ်တွေက ၂၂ ခုမရှိပြန်ဘူး..မေမေ
အားလည်းနာတယ်
ချစ်လည်းချစ်တယ်
အဲလို.. ၂၂ ခု မပြည့်တဲ့ အောင်မြင်မှုတိုင်းမှာ
ဘယ်သူ့မျက်ရည် မှ
ပါရမီ မဖြည့်ခဲ့ရဘူးဆိုရင်တော့..
မေမေ
ကျေနပ်တယ်မဟုတ်လား ..
——————————————————-
{May 25, 2020, Tuesday, 11:45AM}, ဖြိုးဖြိုး (:
၂၃ နှစ်ပြည့် အမှတ်တရ ရေးပြီးတင်လိုက်တာပါ။
Comment #2
ကဗျာလေးကောင်းတယ်ညီမလေးရေ….
၂၃ နှစ်ပြည့်မွေးနေ့မှသည်နောင်နှစ်များစွာတိုင်
ပျော်ရွှင်ချမ်းမြေ့မှုပေါင်းများစွာကို..ပိုင်ဆိုင်နိုင်ပါစေနော်…
By: အမရာ at May 28, 2010
Comment #5
You write a very nice poem. Congratulation for your poem. Especially…,
Thanks a lot for sharing poems by Myanmar professional poets.
By: nyannaingmyint at Jul 7, 2010
Comment #6
ညီမလေးမှတ်ထားပါဦး လူတွေရှေ့မှာ ရည်းစားရှိလား ပိုက်ဆံအနှုတ်ပါလား အသက်ဘယ်လောက်လဲမမေူရဘူး ။ပြောလဲမပြောရဘူး။
By: aalwin at Sep 20, 2010




11612 masterpieces
34816 comments
3729 members
974 pc authors
Comment #1
ကောင်း၏ .. မွေးနေ့အကြောင်း ကဗျာတစ်ပုဒ်လောက်တော့ ရေးကြည့်ရမယ်