Professional Authors

“ငါ” ဘာကောင်လဲ

ငါဟာ “အရှိ”ကို စိုက်ပျိုး

 

“အမှန်”ကိုစားသုံးဖို့ ကြိုးစားမိတိုင်း

 

မျိုးစေ့နဲ့ မြေစာ၊

 

အခြေအနေနဲ့ စေတနာ

 

အလုံအလောက်မရှိတာ ဆိုးတယ်။

 

ဒီတော့ “ငါ” ဆိုတဲ့ သက္ကရာဇ်ကောင်လည်း

 

“ယတု”တခုကို တောင်မွှေးလိုထောက်ရင်း

 

လေထန်ကုန်းမှာ ယိုင်တိုင် ယိုင်တိုင်နဲ့

 

ငါဟာ “ငါတဆိုး” မဖြစ်အောင်

 

ခပ်မှောင်မှောင် နေခဲ့တာပေါ့။

 

ရေထုထဲက”ငါး” ရေကိုမမြင်ဘူး၊

 

လေထုထဲက”နွား” လေကိုမမြင်ဘူး။

 

အမှောင်ထုထဲက”ငါ” အမှားကိုမမြင်ပြန်ဘူး။

In: ကဗျာ Posted By: Date: May 18, 2012
Comment #1

hote pay tar naw

commentinfo By: ei lay at May 18, 2012
Comment #2

ဟုတ်ပေသားပေါ့ ဗျာ 😀

commentinfo By: retkhita at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment