Professional Authors

အလွမ်းများ

မင်းရဲ့ ခင်မင်မှု အနည်းငယ် စွတ်စိုဖို့
မာနတွေ ဖြေလျော့ နေရပုံက
စကားလုံးပေါတဲ့ ပါမောက္ခ တစ်ဦးလိုပါပဲ။

ညအချိန်မတော်မှာ
အရောင်ကွဲ ပြဇာတ်လေး တစ်ပုဒ်ကို
သတ်ပုံမမှားရအောင်
ကပြ အသုံးတော်ခံ
စကားလုံးကကွက်တွေနဲ့ တင်ဆက်
တကယ်တမ်း
အေးအေးစက်စက်နဲ့
နှုတ်ဆက်သွားတော့လဲ
“အလွမ်း” ကလွဲပြီး
ဘာစကားလုံးမှ မထားရစ်ခဲ့ပါဘူး။

တငွေ့ငွေ့နဲ့
ပြယ်လွင့်ရုံပါပဲ။
ရင်ဘတ်တွေ ဆွံ့အလို့
သတ်ပုံမတက်အောင် ဖြစ်နေရုံပဲ
နှုတ်ဆိတ်ကျန်ခဲ့ပေါ့။
ဘာမှ မတက်နိုင်ပါဘူး။
လေးဖြူသီချင်းပဲ ထိုင်အော်နေရတယ်။
“အလွမ်းများ…” ။ ။:P

In: ကဗျာ Posted By: Date: May 17, 2012
Comment #1

he,,he,, 😛
hote par bu naw,,
chit loh ne ne lay soe tar par,,, a he, 😛

commentinfo By: ei lay at May 17, 2012
Comment #2

စကားလုံးကကွက်တွေနဲ့ တင်ဆက်
တကယ်တမ်း
အေးအေးစက်စက်နဲ့
နှုတ်ဆက်သွားတော့လဲ
“အလွမ်း” ကလွဲပြီး
ဘာစကားလုံးမှ မထားရစ်ခဲ့ပါဘူး။
ကောင်း၏။အားပေးသွားပါတယ်…

commentinfo By: သူထူးဇန် at May 17, 2012
Comment #3

let me share ur poem

commentinfo By: moethe` at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment