Professional Authors

ဆုတောင်း

ငါ…..ဆုတောင်းတယ်
မျှော်လင့်ခြင်း ကင်းလွတ်ရပါစေ
မျှော်လင့်ချက်တွေ မဲ့ သွားသည့်တိုင်…
ငါ.. ဆုတောင်းတယ်
တိတ်ဆိတ်ခြင်းတွေ ကြီးစိုးနေပါစေ
အထီးကျန်ခြင်းတွေ ပိုင်ဆိုင်ရသည့်တိုင်..
ငါ…..ဆုတောင်းတယ်
မွန်းကြပ်မှုတွေ ပျောက်ကွယ်ပါစေ
ရစ်နှောင်တတ်တဲ့သံယောဇဉ်ကြိုးတွေပြတ်သွားသည့်တိုင်
ငါ…..ဆုတောင်းတယ်
ထွက်ပေါက်တစ်ခုရှာတွေ့ ရပါစေ
ငါ့ဝင်သက်ထွက်သက်တွေ ရပ်စဲသွားသည့်တိုင်..

In: ကဗျာ Posted By: Date: May 16, 2012
Comment #1

မွန်းကြပ်မှုတွေ ပျောက်ကွယ်ပါစေ
ရစ်နှောင်တတ်တဲ့သံယောဇဉ်ကြိုးတွေပြတ်သွားသည့်တိုင်
ငါ…..ဆုတောင်းတယ်
ထွက်ပေါက်တစ်ခုရှာတွေ့ ရပါစေ
ငါ့ဝင်သက်ထွက်သက်တွေ ရပ်စဲသွားသည့်တိုင်..

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment