Professional Authors

မင်းနဲ့ငါ

ချစ်သူရယ် မင်းနဲ့
ထိုင်ခုန်ရှည်ပေါ်အတူထိုင်ပီး
မပီးဆုံးသေးတဲ့ နာရီလက်တံတွေ
ရေတွက်ခဲ့ကြတယ်
အချိန်တန်တော့မင်း
ငါ့ဆီကနေထွက်ခွာသွားပါပေါ့
လွမ်းလိုက်တာ
လွမ်းလွန်းလို့ ဆုံခဲ့ဖူးတာလေးကို
မေ့ထားလိုက်ချင်တယ်
အသစ်တွေကို အဟောင်းစာရင်း
သွင်းတတ်အောင်မင်းသင်ပေးတာပါ
ရင်ခွင်သစ်မှာလို့ ပြောရအောင်လဲ
ငါ့ရင်ခွင်မှာ မင်းမမှေးစက်ဖူးဘူး
သူငယ်ချင်းထက်ပိုတဲ့
အခွင့်အရေးလေးကို
မင်းပေးထားတာ ငါဝမ်းသာပါတယ်
သူငယ်ချင်းထက်ပိုတဲ့
ငါ့ခံစားချက်တွေ
အမူအရာတွေ
ငါဘယ်လိုဇါတ်သိမ်းရတော့မှာလဲ
မျက်ဝန်းလေးရယ်……………….။

In: ကဗျာ Posted By: Date: May 14, 2012
Comment #1

eazy going.

commentinfo By: ei lay at May 14, 2012
Comment #2

အသစ်တွေကို အဟောင်းစာရင်း
သွင်းတတ်အောင်မင်းသင်ပေးတာပါ

commentinfo By: ma at May 15, 2012
Comment #3

ကိုဘခက်
ဆက်ရေးလေအဟဲ
အိမ်ကမိန်းမမသိစေနဲ့ပေါ့

commentinfo By: phyokhant at May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment