Professional Authors

တိမ်မျှင်ပြုံးချိန်

ငါ ဟာအိပ်မက်တွေထဲ
အိပ်ပျက်ခဲ့ရတဲ့ ညဥ့်ယံက
ငှက်လေးတစ်ကောင်ပါ
တစ်ခါတလေ ကောင်းကင်က
ကြည်စိမ်းစိမ်း ပြာလဲ့လဲ့နဲ့
တစ်ခါတလေကျတော့လည်းလေ
အုံ့တုံ့တုံ့ မှိုင်းထိုင်းထိုင်းနဲ့
တစ်ခါတခါကောင်းကင်က
ကြယ်တာရာတွေစုံနေတယ်
တစ်ခါတခါ လမိုက်ညမှာတောင်
အသိုက်ပျက်နေတဲ့ ကျေးငှက်တွေက
ရှုပ်ယှက်ခတ်ပျံသန်းနေပြန်ရော
ဒီလိုနဲ့ ဆောင်းဥတုချိန်
မြောက်ပြန်လေရူးလေးတွေ 
ပျော်မြူးနေပြန်တယ် 
ငါတွေ့ချင်တဲ့ကောင်းကင်က
တည်ငြိမ်တဲ့မျက်နှာပြင်နဲ့
ပြုံးပြနေတဲ့ တိမ်မျှင်လေးတွေပါ။
လွမ်းပိုင်ရှင်
In: ကဗျာ Posted By: Date: May 13, 2012
Comment #1

nice,,
me too.
i love looking into the sky,,the cloud,,the moon,,the stars,

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment