Professional Authors

ငါတို့ ဖြစ်ချင်တဲ့ လူငယ်

ငါတို့ ဖြစ်ချင်တဲ့ လူငယ်

 

အပြော ကြမ်းပေမယ့် စေတနာ မှန်တယ်

အမြင်မှာ ရိုင်းချင် ရိုင်းမယ့်

အတွင်းသရုပ်က ရိုးသား ဖြူစင်တယ်

 

အမှန်တရားကို ကိုးကွယ်တယ်

လွတ်လပ်မှုကို မြတ်နိုးတယ်

ငြိမ်းချမ်းရေးကို လိုလားတယ်

 

အဂတိကို မုန်းတယ်

ချုပ်ချယ်မှုတွေ တွန်းလှန်ခဲ့ကြတယ်

 

ခေတ် အဆက်ဆက် စတေးခံခဲ့ကြတယ်

သမိုင်း ဆက်ဆက် တာဝန် ကျေပွန်ခဲ့ကြတယ်

 

ကြိုးစား ဖန်တီးရမယ့် အနာဂါတ်အတွက်

ခိုင်မာတဲ့ ယုံကြည်ချက်တွေ၊

ပြင်းပြတဲ့ မျှော်လင့်ချက်တွေ၊

နောက်မဆုတ်တတ်တဲ့ စိတ်ဓာတ်တွေ ရှိတယ်

 

ကိုယ်စီအားတွေ ရှိကြပေမယ့်

စုပေါင်းအားကို ယုံကြည်တယ်

လူမျိုး ဘာသာမရွေး ညီညာစွာ လက်တွဲလို့

လျှောက်လှမ်းချင် စိတ်တွေ ရှိကြတယ်

 

အဲဒါ … …

ငါတို့ ဖြစ်ချင်တဲ့ ငါတို့ ချစ်တဲ့ “လူငယ်” ။ ။

In: ကဗျာ Posted By: Date: May 13, 2012
Comment #1

nice

commentinfo By: ei lay at May 13, 2012
Comment #2

ကောင်းတယ်ကွာ
ကြက်သီးမွှေးညှင်းကို
ထသွားတာပဲ
လူငယ်တွေရဲ့အားမာန်
လူငယ်တွေရဲ့အိပ်မက်
လူငယ်တွေရဲ့မျှော်လင့်ချက်
လူငယ်တွေရဲ့ရည်ရွယ်ချက်
လူငယ်တွေရဲ့အရည်အချင်းတွေဟာ
အရမ်းကိုချစ်စရာကောင်းပါတယ်
လူငယ်အသင်းကိုထူထောင်နိုင်ရင်ကောင်းမယ်ထင်တယ်ကွာ
[email protected]

commentinfo By: minpyaephyoe6991 at May 14, 2012
Comment #3

ဟုတ်ကဲ့ဗျ အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ မန်းလေးမှာတော့ ကျွန်တော်တို့ လုပ်ထားတဲ့ လူငယ်အဖွဲ့လေး ရှိတယ်ဗျ ကျွန်တော် Link ပေး လိုက်မယ်ဗျာ

https://www.facebook.com/phyusinlungesocialcommunity

https://www.facebook.com/groups/phyusinlungesocialcommunity/

commentinfo By: Demon at May 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment