Professional Authors

နီယွန်မီးအောက် လောင်မြိုင်သော

 

နီယွန်မီးတွေ . . .


ကွန်ကရစ် လမ်း တလျောက်မှာ

နီယွန်မီးတွေ . . .

 

မြင်တွေ့သမျှ

အဆောက်အဦ

လမ်းဆုံလမ်းခွ

အို ကွယ် . . .

ယုတ်စွအဆုံး

လမ်းဘေးသစ်ပင်တောင်

ရောင်စုံမီးတွေ ပတ်လည်ဝိုင်းလို့ပေါ့

 

သို့ပေတဲ့ . . .

ဗိုက်ဟောင်းလောင်းတွေကတော့

ဖယ်ရီကားပေါ်မှာ

ငိုက်မြည်းနေတုံး ။

 

စည်းဝါးမကိုက်သေးတဲ့

နဂါးနီသီချင်းတစ က

ဇိုးသမား

နှုတ်ခမ်းဖျား မှာ

ရုန်းရင်း ကန်ရင်း နဲ့ပဲ

မျိုချ ခံရတော့မလား . . .

 

သမုဒ္ဒရာကြမ်းပြင်အောက်က

အလွှာပါးပါး ဖန်ခွက်တစ်ခွက်ခမျာ

ဖိအားတွေကြား

လူမသိသူမသိ

“ ခွပ် “ ခနဲ

ကဲ . . .

 

In: ကဗျာ Posted By: Date: May 11, 2012
Comment #1

like this poem friend

commentinfo By: athaekwelmoe at May 11, 2012
Comment #2

ကျေးဇူးတင်ပါတယ်ဗျာ

commentinfo By: mgchannaye at May 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment