Professional Authors

သင် စဉ်းစားကြည့်ပါ

အရိပ်ထိုးကျလာတဲ့ အရာတစ်ခုကြောင့်
သင့် ပတ်ဝန်းကျင် ဘာဖြစ်သွားသလဲဆိုတာ
သင် ကိုယ်တိုင် မသိလိုက်ဘူးဆိုရင်…..။

သင် သိလာတဲ့ သင့် ဝန်းကျင်ကို
သင် ဘာတွေလုပ်ပေးမလဲဆိုတာ
သင် ကိုယ်တိုင် မသိခဲ့ဘူးဆိုရင်…။

သင့် နေရာ သင့် ပိုင်ဆိုင်မှုတွေ
သင့် အတွက်သာ ဖြစ်ခဲ့ပေမဲ့
သင် ပိုင်ဆိုင်မှုတွေဆီက သင် ကိုယ်တိုင်ခွဲခွာရပြီဆိုရင်…။

သင်လည်း သင့်နေရာ သင့် ကိုယ်ပိုင်တွေကြောင့်
အချိန်တိုင်း အချိန်တိုင်း ပူပန်မှုတွေနဲ့
သောကတွေ နေ့စဉ်ဖြစ်နေခဲ့တယ်ဆိုရင်…။

သင် ဘာလုပ်သင့်ပြီလဲ သင် ကိုယ်တိုင်မေးကြည့်ပြီးပြီလား
သင့်အတွက် မနက်ဖြန်ဆိုတာ ဘာတွေရှိလဲ
သင် သေခြာစဉ်းစား ဆုံးဖြတ်ပြီးပြီလား
သင် ရောက်လာတုန်းက သင့်အတွက် ဘာတွေရှိခဲ့လဲ
သင် အလာတုန်းလည်း ဘာမှမရှိ
ပြန်သွားတော့ကော ဘာတွေ သယ်သွားနိုင်မှာလဲ
သင် အခုကော သိနိုင်မလဲဆိုရင်…။

သင် အလာ နတ္ထိ အပြန် နတ္ထိနဲ့
ဘဝက ဘာမှမရှိ သင် စဉ်းစားကြည့်…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: May 11, 2012
Comment #1

hote,,
sin sar kyi dot kyauk sa yar g,

commentinfo By: ei lay at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment