Professional Authors

သိပ်သည်းဆကိုတိုင်းတာလျှင်…

တခါတခါလည်း
ကိုယ်Bon.sai တစ်ပင်ဖြစ်ချင်တယ်။

သူမအတွက်အချစ်တွေကို ချုပ်တည်းမျိုချရင်း
ကျစ်လစ်သိပ်သည်းမှုတွေနဲ့ ကြီးထွားနေမဲ့
အချစ် Bon.saiတစ်ပင်။

အလွမ်းရဲ့ဒဏ်တွေကိုသာ
သူမသေချာပေါက်မခံစားရဘူးဆိုရင်ပေါ့။

ခုတော့
သက်တန့်တွေကို တောင်တန်းတွေကို
ပင်လယ်ပြာကို နှင်းပွင့်လေးတွေကို
သူမရဲ့ပျော်ရွှင်မှုအတွက် တခုပြီးတခု
ကိုယ်ပေးခဲ့မိပြီ။

မုန်တိုင်းကိုတွေ့ရတဲ့ အချိန်ခဏ
သူမအတွက်သာ တကယ်လိုအပ်မယ်ဆိုရင်
ရင်းနှီးဖူးတဲ့ဆံနွယ်တွေကစလို့ ခြေမှုန်လေးတွေထိ
ကိုယ်ရူးသွပ်စွာ လွမ်းဆွတ်နေရကြေင်း
ပြင်းပြစွာ တမ်းတနေရကြောင်း
သူမဆီမှာဖွင့်ဟ၀န်ခံမိပါလိမ့်မယ်။

တကယ်တော့ ကိုယ်ဟာ
အလွမ်းတွေကို ချုပ်တည်းမျိုချ
ကျစ်လစ်သိပ်သည်းစွာ ကြီးထွားနေတဲ့
အလွမ်းBon.sai တစ်ပင်ပါ ချစ်သူ။    ။

In: ကဗျာ Posted By: Date: May 8, 2012
Comment #1

wow,,,,
so cute

commentinfo By: ei lay at May 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment