Professional Authors

မင်းဆံပင်ညှပ်လိုက်တာ ငါ့ကိုသတ်တာပဲ အိဇင်ဇင်ဖြိုးအိအိဇင်

ဘ၀ကို ခဲတံနဲ့ ဆူဒိုခုဖြည့်သလို လုပ်ချင်သတဲ့..။

ခြွေချမှတော့ ကြွေကျမှာပဲ…။

ချေမွမှတော့ ကြေမွမှာပဲ…။

မင်းနိယာမအတိုင်းဆို ငါလွတ်လပ်ရေးရတာကြာရောပေါ့…။

…သနပ်ခါးပင်နဲ့ ပါးပြင်လေးငှားမည်….

အဲ့ဒီဆိုင်းဘုတ်ထောင်ထောင်မထားဖို့

ငါ ဘယ်နှယ်သံသရာပေးရမလဲ။

ရေသန့်ဘူးစက်ရုံတစ်ခု မပိုင်ဆိုင်ခြင်းမှာ

မင်းကို မက်တဲ့ ငါ့ပဋိပက္ခဟာ

ကမ္ဘာတစ်ခုစာ ဖြစ်လို့ ဖြစ်…..။

အိဇင်ဇင်ဖြိုး နဲ့ ငေးတိငေးငိုင်

ဖြိုးအိအိဇင် နဲ့ မလျှော့မတင်း

အိဇင်ဇင်ဖြိုး နဲ့ တိုးတိုးဝှေ့ဝှေ့

ဖြိုးအိအိဇင် နဲ့ ခြောက်တီးခြောက်ကပ်

အိဇင်ဇင်ဖြိုး နဲ့ မညည်းမညူ

ဖြိုးအိအိဇင် နဲ့ ထပ်ကြပ်မကွာ

အိဇင်ဇင်ဖြိုး နဲ့ ငိုငိုရယ်ရယ်

ဖြိုးအိအိဇင် နဲ့ မဖဲ့မစောင်း

အိဇင်ဇင်ဖြိုး နဲ့ ကြေမွတွန့်ခေါက်

ဖြိုးအိအိဇင် နဲ့ ကြောက်ခမန်းလိလိ

အိဇင်ဇင်ဖြိုး နဲ့ အခြားကြိယာဝိသေသနများ..ဟာ

မနက်ခင်းတိုင်း မနက်ခင်းတိုင်း

အိမ်ရှေ့က ဇွန်ပန်းရုံကလေး

ဖြိုးအိအိဇင်တွေ ပွင့်တယ်….။

သန်းခေါင်ထက်ညဉ့်မနက်တဲ့ ၀ိရောဓိတွေ

ဘယ်တော့မှ မိုးမလင်းဘူး။

ပျံမလာနဲ့လား….ပြန်မလာနဲ့လား…

အိဇင်ဇင်ဖြိုးလား…ဖြိုးအိအိဇင်လား…

နားမရှင်းလို့

ငါ … ပျံ လာ ခဲ့ တယ် ကွဲ့ …။

………………………………………………………………..ဟိန်း(21.3.12)…..

In: ကဗျာ Posted By: Date: May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment