Professional Authors

ဧရာဝတီပုံပြင်

ရေခဲတောင် တွေရဲ့
အေးမြတဲ့မျက်ရည်…
မေခ မလိခ ဆိုတဲ့
မျက်ဝန်းနှစ်သွယ်က
စီးဆင်းခဲ့တဲ့
ဧရာဝတီဆိုတာ…
ဒဏ္ဍာရီမဟုတ်ဘူး…..

မြစ်ကျဉ်းလေးခုနဲ့
ကွေ့ကောက်စီးဆင်းတဲ့ မြစ်ဧရာ..
ရေစီးတစ်ခါ ရေသာတစ်လှည့်နဲ့
ငါတို့ အမိမြေကို အကျိုးပြုခဲ့ဖူးတယ်….

နူးညံ့တဲ့ ဧရာဝတီ
ကြမ်းတမ်းတဲ့ ဧရာဝတီ
သိပ်လှတဲ့ ဧရာဝတီ
အဲဒီ..ဧရာဝတီမှာ
ဇီဝမျိုးကွဲပေါင်းစုံ
ပျော်ပါးခဲ့ဖူးတယ်…..

စိမ်းလန်းတဲ့ဧရာဝတီ
ကြည်လင်တဲ့ဧရာဝတီ
ရင်သပ်ရှုမော အံ့သြရလောက်တဲ့
စဥ့်အိုးဖောင်ကြီးတွေ…
ငါတို့မြေရဲ့ အဖိုးတန် သစ်မျိုးစုံတွေ..
သူ့ကျောထက်မှာ တင်ပြီး
လိုရာခရီးကို ဆောင်ကြဉ်းပေးခဲ့ဖူးတယ်….

တိမ်တွေရောင်စုံတောက်တဲ့
ညနေခင်းတွေအောက်မှာ
ပျော်မြူးခဲ့ဖူးတဲ့ဧရာဝတီ…
ရေသောက်ဆင်းတဲ့
နေမင်းကြီးနဲ့အတူ
လွမ်းဆွေးခဲ့ဖူးတဲ့ ဧရာဝတီ….
သိပ်လှတဲ့ဧရာဝတီ..
အနစ်နာခံတဲ့ ဧရာဝတီ…
အပြစ်ကင်းတဲ့ ဧရာဝတီ..

ဂုဏ်ကျေးဇူးတွေ ပြောလို့မကုန်တဲ့ ဧရာဝတီ…
အကျိုးပြုမှုတွေ ပြုလုပ်မဆုံးတဲ့ ဧရာဝတီ…
ပေးဆပ်စွန့်လွှတ်မှုတွေ မဆုံးနိုင်တဲ့ ဧရာဝတီ….
အဲဒီ ဧရာဝတီကို
ငါတို့ တိုင်းရင်းသားအားလုံး
တချိန်တုန်းက ပိုင်ဆိုင်ခဲ့ကြဖူးတယ်……….။               ။

In: ကဗျာ Posted By: Date: May 7, 2012
Comment #1

nice

commentinfo By: ei lay at May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment