Professional Authors

လမ်းခွဲလွှာတောင်းခံခြင်း……

့မြင်ရတဲ့မြင်ကွင်းက
ရင်ဝကိုဆင်နင်းသလိုပဲ…
ကြင်နာသူနှစ်ဦး
ပျော်ရွှင်ကြည်နူးနေပေမယ့်
မျှော်လင့်သူတစ်ယောက်
ကမ်းပျောက်သွားပြီ…
လှမ်းလျှောက်ဖူးတဲ့လမ်းမှာ
အနမ်းပျောက်လို့ရူးနေရတာဘယ်သူသိမလဲ…
အချစ်ငတ်ခဲ့သူကို
အရှုံးအပ်ခဲ့ပြီးမှ
မျက်ရည်ဗလဗွ
ငိုပြမနေနဲ့တော့…
ဆိုပြနေတဲ့အလွမ်းသီချင်းကိုအသံပိတ်
ငိုချနေတဲ့မျက်ရည်စတွေကိုသုတ်ဖယ်
အဟုတ်တကယ်လမ်းခွဲဖို့အရေး
မနှေးအမြန်သာခွင့်ပြုလို့ပေးပါတော့….ချစ်သူ….

In: ကဗျာ Posted By: Date: May 5, 2012
Comment #1

oh god,,
poor u.

commentinfo By: ei lay at May 6, 2012
Comment #2

ပိတ်ပိတ်ကောင်း………….

commentinfo By: roma at May 6, 2012
Comment #3

လူသားချင်းစာနာပြီး ခွင့်ပေးလိုက်ဖို့ကောင်းတယ်။

commentinfo By: lin at May 8, 2012
Comment #4

ကဗျာခေါင်းစဉ်ကော ကဗျာအရေးအသားကော သေလို့ရတယ်ဗျ
ကဗျာလေး ဖတ်သွားပါကြောင်း ~~

With respect,
RAY

commentinfo By: X - ray at Dec 25, 2012
Comment #5

ဟုတ်ကဲ့…ကျေးဇူးပါ

commentinfo By: werewolf at Sep 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment