Professional Authors

” သူ့ အတွက်ကဗျာ “

” သူ့ အတွက်ကဗျာ “

ကာလတစ်ခုရဲ့ အတိတ်ကို
စိုက်ပျိုးနေသူ တစ်ယောက်က
ကျွန်တော်ပါ . . .
   
ထိုယာခင်းလေး၏ အမည်မှာ
အလွမ်းဖြစ်ကြောင်း . . .
ပိုင်ရှင်သူမကိုယ်တိုင်
သိရှိရန်မလိုအပ်တော့ပါ . . .

တစ်စုံတစ်ရာကို ရှင်သန်အောင်
စိုက်ပျိုးရခြင်းမှာ . . .
ခက်ခဲလှသည်
ရှင်သန်လာသော ပိုင်ဆိုင်မှုသည်
ပို၍ခက်ခဲသော ပုစ္ဆာဖြစ်ကြောင်း
သူမသိကောင်းလောက်ပါသည် . . .

အဲ့ဒီတော့
ကျွန်တော့ကဗျာလေးဖတ်ပါ . . .
ပြီးလျှင် ပေါ့ပေါ့ပါးပါး ပြန်ချထားခဲ့ပါ။

ဒါဟာ
တကယ်ပဲ ကဗျာဆန်ပါတယ်လေ . . . ။    ။
   

In: ကဗျာ Posted By: Date: May 1, 2012
Comment #1

sin sar sa yar tway a myar g pe naw,
he,,he,,,
ei lay tate nar ma le bu,

commentinfo By: ei lay at May 1, 2012
Comment #2

တစ်စုံတစ်ရာကို ရှင်သန်အောင်
စိုက်ပျိုးရခြင်းမှာ . . .
ခက်ခဲလှသည်
ရှင်သန်လာသော ပိုင်ဆိုင်မှုသည်
ပို၍ခက်ခဲသော ပုစ္ဆာဖြစ်ကြောင်း
သူမသိကောင်းလောက်ပါသည် . .

commentinfo By: မ at May 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment