Professional Authors

အချစ်ဆိပ်တက်တဲ့ည

တိတ်ဆိတ်တဲ့ည

လမင်းကမသာ

မမြင်မစမ်း

ယောင်တောင်ကန်းတန်းတန်းနဲ့

ငေးမောမိတယ်

ကောင်းကင်ကြီးရယ်။

 

သာယာပါတယ်ပြောပေမယ့်

ရင်ခွင်မှာ ဗလောင်ဆူ

တိတ်ဆိတ်ကြေကွဲ

မှောင်နံရံ တစ်ဘက်ဘေးမှာ

ငါဟာငုပ်တုပ်လေးပါ

မျက်ဝန်းမှာမျက်ရည်စများ

ဝဲလည်နေပေမယ့်

ငါမငိုပါဘူးလို့

စိတ်ကိုတင်း

ထွက်ရပ်ပေါက်တွေ

ပျောက်ကွယ်လို့

တစ်ညတာကုန်ဆုံးဖို့

စောင့်နေရတယ်

အဲဒါ……

အချစ်ဆိပ်တက်တဲ့ည။

 

အလင်းပျောက်နေတဲ့

အခန်းငယ်ရယ်

ငါအဖော်ပြုနေတယ်

ဘဝချင်းတူလို့စာနာတယ်

ငါနေနေသေးတယ်

ငါမသေခင်ထိ မင်းနဲ့အတူ။

In: ကဗျာ Posted By: Date: Apr 28, 2012
Comment #1

really really nice.

commentinfo By: ei lay at Apr 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment