Professional Authors

တစ်ခါက ကောင်မလေး

အစမရှိတဲ့ အဆုံး
အချစ်မရှိတဲ့ အမုန်း
ကံကြမ္မာ တစ်ဖက်စွန်းမှာ
ငါ မသာယာနိုင်တော့ဘူး….

အမှောင်ထဲက ရုန်းထွက်
သောက်လက်စ ကော်ဖီတစ်ခွက်
ရင်ခုန်သံ စီးချက်တွေနဲ့
သန်းခေါင်ယံက နက်နက်လာတရ်…

အဆုံးတွေက ထပ်ဆင့်
အကောင်းမရှိတဲ့ ကြား
နှုတ်ခမ်းဖျားက ပြောခဲ့တဲ့စကားကြောင့်
အနောက်က ထွက်မဲ့နေကို စောင့်ခဲ့တရ်…
(မင်းငါ့ကိုချစ်မဲ့နေ့က နေအနောက်အရပ်က ထွက်မဲ့နေ့တဲ့)

ကာရံမရှိတဲ့ ဒီကဗျာတစ်ပုဒ်က
မင်းမရှိတဲ့ ငါ့ရဲ့ကမ္ဘာလို
ပျော်ရွင် ကြည်နူးခြင်းတွေမဲ့လို့
အနှစ်သာရ မရှိတဲ့ခဲ့ပါဘူး
စက္ကန့်လောက် တွေခဲ့တဲ့အပြုံး
အမုန်းဝေါဟာရ ကိုမေ့စေလို့
ငါ့ရင်ကို ငြိတွယ်ခဲ့ပါပြီ…

“မင်းကိုချစ်တဲ့သူ”

In: ကဗျာ Posted By: Date: May 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment