Professional Authors

ကြယ်ကလေး-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

ကြယ်ကလေးကိုလွမ်းတယ်

ကြယ်ကလေးကိုလွမ်းတယ်

ငါဟာ နေ့နေ့ညညရေရွတ်ရင်း

တိတ်ဆိတ်သော အိပ်ယာထက်မှာငိုချင်းချ

ငါ့ရဲ့ဘ၀ဟာ ကြယ်ကလေးအတွက် ခိုးကြောင်ခိုးဝှက်

ဝမ်းနည်းပက်လက်

 

ကြယ်ကလေးဟာ အဝေးမှာရှိတယ်

ကြယ်ကလေးဟာ ငါ့ရဲ့အဝေးကို ရောက်နေတယ်

မျှော်ကြည့်ရုံနဲ့ မြင်ရတယ်

နားစွင့်ရုံနဲ့ ကြားရတယ်

ကြယ်ကလေးရဲ့ အလင်းကို ငါတောင့်တဆာလောင်ခဲ့

ကြယ်ကလေးဟာ ငါ့အကြောင်းစဉ်းစားမှ စဉ်းစားပါရဲ့လား

 

ကြယ်ကလေးအကြောင်းပြောရရင်

မမောနိုင် မပန်းနိုင်

ဈန်လည်းအခါခါလျှောကျစေတဲ့ ကြယ်ကလေး

ကြယ်ကလေးကြယ်ကလေး

ကြယ်ကလေးကို ပွေ့ပိုက်ထားချင်တယ် ကြယ်ကလေးရေ

 

ဆက်ပြောရရင် ဇာတ်မျောဖြစ်မှာကို မုန်းတယ်

ကြယ်ကလေးနဲ့တွေ့ရမယ့်ရက်ကို စောင့်မျှော်

မခို့တရို့အလင်းတွေနဲ့ ငါ လွမ်းဆွတ်နေလို့ပေါ့

တို့တွေဟာ တစ်နယ်စီ၊တစ်မြေဆီ ဝေးလို့ပေါ့ကွယ်

 

ကြယ်ကလေးအတွက်

ရေးထားတဲ့ကဗျာတွေဟာ စာမျက်နှာပေါင်းများစွာ

စာမျက်နှာပေါင်းများစွာ ရေးထားတဲ့ကဗျာတွေဟာ

ကြယ်ကလေးအတွက်

 

ဖြည်းညင်းစွာအသက်ရှုသံတွေ ကြားရတယ်

တစ်ဖက်က အသံလှိုင်းဟာ နှလုံးအိမ်ကို ချော့မြူတယ်

သနပ်ခါးဝတ်ဆံတွေနဲ့ ကာရံထားတဲ့ ပါးနှစ်ဖက်ဆီက

မွှေးရနံ့တို့ ဒီလေပြေတွေကြားက လက်ဆောင်ရတယ်

မမြင်ရပါပဲ ပွေ့ပိုက်ထားလိုက်ပါရဲ့ ကြယ်ကလေးရေ

 

နေ့

ရက်

ကာလတို့ ရှည်လို့လာပြီ

ကြယ်ကလေးဆီအား အပြေးသွားရန်ပင်

ဆိုင်းပြင်ရင်း မောပန်းနွမ်းနယ်

စိတ်တွေကတော့ ကြယ်ကလေးဆီ စက္ကန့်ပိုင်းဆိုသလို

ရောက်ဖြစ်ပါရဲ့ ကြယ်ကလေးရယ်

                                                ရွှေကြယ်မိုး

 

 

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Apr 24, 2012
Comment #1

kye ka lae le htet tu phyit hmar par shin

commentinfo By: ei lay at Apr 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment