Professional Authors

သိစေချင်တဲ့အကြောင်းအရာ

ချစ်လို့မရတဲ့ဘဝ
ချစ်ခွင့်မရှိတဲ့ဘဝ
နင်နားလည်ပါ့မလား…

လှည့်စားခဲ့တာမဟုတ်ဘူး….ယုံ
ပုံပြောကောင်းခဲ့တာသက်သက်ပါ
ရက်စက်ဖို့ စိတ်ကူး လုံးဝမရှိ
မိုးသိ မြေသိ….
ပြန်တွေးကြည့်….ခံစားကြည့်…

ငါပြောခဲ့တဲ့စကားတွေ
လျှာဖျားကိုမကြည့်ပါနဲ့
မသိနိုင်တဲ့တစ်စုံတစ်ရာ
မျက်ဝန်းနောက်မှာ ပုန်းကွယ်နေတာ
နင်ဘာလို့ မမြင်နိုင်တာလဲ….

အကြည့်တွေကိုနားလည်တယ်ဆို
အသိဝေေ၀၀ါးခဲ့တာလား
အမှားတွေတော့ရှိခဲ့ပါရဲ့….
ဒါပေမယ့်…
တိုးသဲ့သဲ့ ရှိုက်သံတစ်ခု
နင် သတိပြုလိုက်မိရဲ့လား
မကြားလိုက်ရင်ပြောပြမယ်
ငါ့ နှလုံးသားကလေ…

ဘ၀ချင်းကတစ်ခြားဆီပါ
ဇာတ်ဆရာအလိုကျ
ကြိုးဆွဲရာကနေရတဲ့ငါ့မှာ
နင်လိုချင်တာမပေးနိုင်ခဲ့ဘူး
ယဲ့ယဲ့လေး ပြုံးနေတာ…
ငါ သိပ်ပျော်လို့ မဟုတ်ရပါဘူး…

နာကျင်စေခဲ့ရင်တောင်းပန်တယ်…
တမင်တကာတော့ မဟုတ်ခဲ့တာသေချာတယ်နော်…….

(သြော်….ပျော်သလိုမဖြစ်ရင်….ဖြစ်သလိုပဲပျော်အောင်နေရတော့မယ်…..ဘယ်သူ့ကိုမှတော့ မနာကျင်စေချင်တာ အမှန်ပါ)

In: ကဗျာ Posted By: Date: Aug 2, 2009
Comment #1

စိတ်တွေ ဒွိဟ ဖြစ်နေခဲ့တယ်ထင်တယ်…
ကဗျာလေးတွေ … ကောင်းတယ်…
တချို့ အကြောင်းအရာလေးတွေက ဆင်တူတယ်နော် … 🙂

commentinfo By: ညီခ at Sep 6, 2009
Comment #2

good

commentinfo By: angel at Jun 25, 2010
Comment #3

ဇာတ်ဆရာအလိုကျ
ကြိုးဆွဲရာကနေရတဲ့ငါ့မှာ
နင်လိုချင်တာမပေးနိုင်ခဲ့ဘူး
ယဲ့ယဲ့လေး ပြုံးနေတာ…
ငါ သိပ်ပျော်လို့ မဟုတ်ရပါဘူး…

နာကျင်စေခဲ့ရင်တောင်းပန်တယ်…
တမင်တကာတော့ မဟုတ်ခဲ့တာသေချာတယ်နော်…….ခံစားချက်တွေကတိုက်ဆိုင်လွန်းတယ်..
တို့လဲအဲ့လိုပဲဖြစ်ခဲ့ဖူးတယ်

commentinfo By: ကြယ်စင်နတ်သမီး at Jul 16, 2011
Comment #4

လှည့်စားခဲ့တာမဟုတ်ဘူး….ယုံ
မသိနိုင်တဲ့တစ်စုံတစ်ရာ
မျက်ဝန်းနောက်မှာ ပုန်းကွယ်နေတာ
နင်ဘာလို့ မမြင်နိုင်တာလဲ….
အမှားတွေတော့ရှိခဲ့ပါရဲ့….
ဒါပေမယ့်…
တိုးသဲ့သဲ့ ရှိုက်သံတစ်ခု
နင် သတိပြုလိုက်မိရဲ့လား
ယဲ့ယဲ့လေး ပြုံးနေတာ…
ငါ သိပ်ပျော်လို့ မဟုတ်ရပါဘူး…
နာကျင်စေခဲ့ရင်တောင်းပန်တယ်…
တမင်တကာတော့ မဟုတ်ခဲ့တာသေချာတယ်နော်…….

တူညီတဲ့ စာသားလေးတွေမို့ပါ ။
အရမ်းကောင်းတာပဲ .ရေးထားတာ ။
ရတုက အဲလိုခံစားရပေမဲ့ အဲလိုပေါ်လွင်အောင် မပြောတတ်ဘူး ။
အရမ်း ကောင်းတယ် ။
မေလေးရယ် ဆက်အားပေးပါမယ်

commentinfo By: ရတု at Jul 16, 2011
Comment #5

ဘ၀ချင်းကတစ်ခြားဆီပါ
ဇာတ်ဆရာအလိုကျ
ကြိုးဆွဲရာကနေရတဲ့ငါ့မှာ
နင်လိုချင်တာမပေးနိုင်ခဲ့ဘူး
ယဲ့ယဲ့လေး ပြုံးနေတာ…
ငါ သိပ်ပျော်လို့ မဟုတ်ရပါဘူး…

နာကျင်စေခဲ့ရင်တောင်းပန်တယ်…
တမင်တကာတော့ မဟုတ်ခဲ့တာသေချာတယ်နော်…….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment