Professional Authors

အိမ်တွင်း စစ်

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

အိမ်တွင်းစစ်

 

တစ်ခါတစ်ရံ အပြန်အလှန် မကျေနပ်မှုတွေ

ရံဖန်ရံခါ စကားမတည့်မှုတွေ

တစ်ဖန် အငြင်းပွားကြတာတွေ နဲ့

မနက် မိုးသောက်လိုက် ည နေ၀င်သွားလိုက်နဲ့. . .

အိမ်ထောင်တစ်ခု ယခု ပြိုကွဲတော့ပြီ။

 

အဆီအငြော်မတည့် စကားတစ်ခွန်း နှစ်ခွန်းမှာ

သူ လှဲ …

ကိုယ် လှဲ …

အလှဲ ထိုး တဲ့ လက်ဝှေ့ ပွဲ မဟုတ်ပါပဲ

ဘာမဟုတ်တဲ့ ပြဿနာမျိုးက

အိမ်တွင်း စစ်ရဲ့ အစ ။

 

ကြီးသူ ငယ်သူ မည်သူ မည်ဝါ ကိုမဆို

ဆဲဆို….

လူပျို…လူအို မရိုမသေ

ဆဲဆို တော့ လဲပြို …

ဘယ်မှာလဲ ချစ်ခြင်း မေတ္တာ တရား ။

 

ချစ်ခြင်းမေတ္တာ အစ အိမ်တွင်းက တဲ့

ဒါဆို အမုန်းအစစ်က ဘယ်ကစလဲ …..

နားလည်မှု

နှစ် ဦး သဘောတူ ညှိ နှိုင်း

နှစ် ဦး နှစ် ဖက် ခွင့် လွတ် နိုင် မှု

တစ် ယောက်ကို တစ်ယောက် ကိုယ်ချင်းစာ

ဒါတွေသာ မရှိခဲ့ ရင် …

လုံးဝကို မရှိတော့ရင်ပေါ့….

ဒီတစ်သက်ဟာ သေချာပါတယ်

အိမ်ထောင်တစ်ခု ထူထောင်ဖို့ ထက်

ပြိုကွဲ ဖို့ ….. ။


In: ကဗျာ Posted By: Date: Apr 21, 2012
Comment #1

နားလည်မှု

နှစ် ဦး သဘောတူ ညှိ နှိုင်း

နှစ် ဦး နှစ် ဖက် ခွင့် လွတ် နိုင် မှု

တစ် ယောက်ကို တစ်ယောက် ကိုယ်ချင်းစာ
လုလင် အားပေးသွားပါတယ်

commentinfo By: thetnaung at Apr 21, 2012
Comment #2

ခေါင်းစဉ်က စပြီး ရိုးရိုးလေးပဲ တွေးထားရေးတယ်နော်
အရိုးရှင်းဆုံးအရေးအသားတွေနဲ့ တကယ်ကို ထိထိမိမိရေးထားတာ
တော်တော် ကြိုက်တယ်ဗျာ
အင်းးးးးးးးးးးးအိမ်တွင်းစစ်၊ အိမ်တွင်းစစ်!!!!!!!

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 21, 2012
Comment #3

ကျေးဇူးပါ။ လာအားပေးတဲ့ လုလင်ရယ်
ကိုလျှားရယ် ချစ်ခင်လျှက်ပါ
ကတုံးလေး

commentinfo By: gadounlay at Apr 21, 2012
Comment #4

hote de naw,
e lo ma phyit say ya bu,
kyoe sar ya me,
kwe de so dar kaung bu,,

commentinfo By: ei lay at May 12, 2012
Comment #5

ei lay
e lo ma pyit say ya bar bu
ma pyit say ya bu naw..
thxs
…. :X

commentinfo By: gadounlay at May 12, 2012
Comment #6

inn,,, 🙂
hote ke,,
lone wa ma phyit say ne naw. 😛

commentinfo By: ei lay at May 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment