Professional Authors

တရား – နရီထက်

မှန်=မှန်ချင်း အဖြေမထွက်ဘူး
တစ်ခါတစ်ခါ ငြိမ်ငြိမ်လေး နေသာတယ်
နှစ်လက်ဖက်က ဌက်နှစ်ကောင်နှင့်
လှောင်အိမ်ထဲက ဌက်တစ်ကောင်ကိုလည်း 
ခိုးခိုးကြည့်နေတတ်တယ်
စကားလုံးတွေက ဗိုင်းရပ်စ်မွှားလေးတွေနှင့်
ကိုယ်ထည်တွေက စက်ရုံအိုစွန့်ပစ်ပြေးခဲ့စရာပါ
တွန့်တိုစရာ ကိုယ်ကျင့်တရားပါးပါးလွှာတွေနှင့်
ရက်ရက်ရောရော အတ္တကို ဖိတ်မံတက ပြုနေတယ်
ယူသာယူပြီး ပြန်ပေးခဲ့ရမှာကိုလည်း မေ့နေပေါင်းများပြီး
စောလွန်းတဲ့ နေ့တွေနှင့် ညနက်အတိတ်ကို
အရိပ်လိုလို့ ဖုံးဖိနေပြန်တယ်
ဟန်ဆောင်ကောင်းတဲ့ အရည်ရွှမ်းသစ်သီးတွေက
အမှည့်လွန်ရောဂါစွဲနေပြန်တယ်။      ။

နရီထက်
( ၂၁ ၊ ဧပြီလ ၊ ၂၀၁၂ )
 

In: ကဗျာ Posted By: Date: Apr 21, 2012
Comment #1

စကားလုံးတွေက ဗိုင်းရပ်စ်မွှားလေးတွေနှင့်
ကိုယ်ထည်တွေက စက်ရုံအိုစွန့်ပစ်ပြေးခဲ့စရာပါ

commentinfo By: thetnaung at Apr 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment