Professional Authors

ပေါင်သန်း(၁၀၀) နှင့် ကစားကွက်များ

 ညနေ များတွင်…

 ငုတ်တုတ်။……ကောင်းကင်များသို့  message ပို့ နေရင်း……..
 ငါတစ်ယောက်တည်း လေထဲမှာလွှင့် မျှော……….

 အိမ်အပြန်လမ်းများပျောက်ဆုံး    ၍ —-ငါသည် လူအတ္တ တစ်ယောက်ဖြစ်သည်………

 (——၉၈) တုန်းက……ငါသည် …

 ကျွှဲ တစ်ကောင် ကို တီဗီ ပြ သ နေခဲ့ သည်…….
 နွား တစ်ကောင်ကို ပလာတာ ကျွေးဖြစ်သည်…….

 ငါသည်………. အတ္တ သမားတစ်ယောက်နည်းတူ…
 မိန်းမ ငမ်းတက်သူ တစ်ယောက်ဖြစ်သည်……

( သို့ သော်… .၃၄ လမ်းသို့ ဘယ်တော့မှမသွားပေ….)

တိမ်တိုက်များတွင် လွှင့်ခဲ့သည် ….ပိတ်ဆုံးမှုများ ဝေဖန်မှုများနှင့်……အတူ က ခုန်ဖို့ 

ကြိုးစားရင်း….  သူမ သေဆုံးသွားပြန်သည်…..

ကြယ်များ … ကခုန်ကြသည်……
အရေးမကြီးဘူးထင်သည်….. ပိုက်ဆံများ… ကျွန်တော်တို့ ထံ အလည် ရောက်မလာပေ…..။

 သူ မနည်း တူ… နှလုံးသား ၀ိညာဉ် သေဆုံးသွားပြန်သည်…..

 ကျွန်တော် ဂီတာ တစ်လက်ကို ရိုက်ချိုးမိပြန်သည်……..။ 

အလွဲလွဲ အချောချော် နှင့် ကျောက်စက်များကို မျက်လုံးမှိတ် …

အိပ်တန်းတက် ပြန်သည်……။
ထိုသို့ နှင့် သက်တံများကို ဖမ်းမိသေးသည်……..။
 အကြီးမားဆုံးသော ဆုံးရှုံးမှုများလည်းဖြစ်သည်….
 အကျီးတန်သော….နေ့ စွဲများ ကျွန်တော့်ဆီသို့ တည့်တည့် ၀င်လာသည်…….

လေထဲမှာလဲပြိုခဲ့သည်…….
 ထိုသို့ နှင့် ကျွန်တော့် သီချင်းတစ်ပုဒ်ဖြစ်သွားခဲ့သည်…………

 ကစားကွက်တစ်ကွက်ကို လည်း ဆုံးရှုံးသွားပြန်သည်………..
                                                              

 
                                                                            အာကာ

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

ဖတ်သူတွေရဲ့ဦးနှောက်ကို တော်တော်အလုပ်ရှုပ်စေတဲ့ကဗျာကောင်းလေးပဲ
ဒီလိုကဗျာဆရာတွေရှိနေတဲ့အတွက် ၀မ်းသာပျော်ရွှင်မိပါတယ်ကိုအာကာ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 21, 2012
Comment #2

ဟုတ်ကဲ့…ကိုသျှား…. ကျွန်တော့် ကဗျာကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်

commentinfo By: Arker at Jun 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment