Professional Authors

ချစ်သူထံသို့ ….

လိုချင်တာက နင့်အပြုံးပါ…

နင်ပျော်ရွှင်ဖို့ဆို ငါ ဘာမဆို လုပ်ပေးနိုင်ပါတယ်..
နင်သာ ပျော်မယ်ဆို ငါကျေနပ်ပါပြီ…

စိမ်းကားတဲ့ မျက်လုံးနဲ့ မကြည့်လိုက်ပါနဲ့ ချစ်သူ…
ငါနေချင်တာ နင့်အနားမှာပါ…

အကယ်၍ ငါကို မချစ်နိုင်ဘူးဆိုရင်တောင်
ငါတို့တွေ သူငယ်ချင်းလို နေနိုင်ပါသေးတယ်…

ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့…
နင့်အမုန်းကို ခံယူဖို့ ငါမှာ သတ္တိမရှိလို့ပါ…

ငါမလိုချင်ဆုံး အရာတစ်ခုရှိတယ်…
နင်နဲ့ ဝေးရမယ့် အချိန်လေးတွေပါ..

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

So much touching

commentinfo By: ei lay at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment