Professional Authors

အသုံးမကျတဲ့အသည်းနဲ့လူ (ဒီတူးဆစ်တောင်ငူ)

ည….
တိတ်ဆိတ်….အေးစက်….ဘယ်လိုမှ အသက်မ၀င်တဲ့
အလွမ်းရောင် မုန်ပျပျနဲ့….ည

အတ္တ…….မာနတွေကြား
ကျိုးပျက်ခဲ့တဲ့နှလုံးသားနဲ့
ငါ့အသည်းတစ်ခြမ်းကို ….အလွမ်းတွေ ကိုက်စားသွားတဲ့ည

လရောင်..ဂီတ….သံစဉ်တေးသွား
အရာအားလုံးကိုအလွမ်းနဲ့ခံစား
ငါလေ …(မင်းမရှိပဲ) …မနက်ဖြန်တွေမှာ
ဘယ်လိုနိုးထရမလဲ…..?

အတွေး…..စိတ်ကူး…..အိပ်မက်….မျော်…လင့်….ချက်
အရာအားလုံး..ကျိုးပျက်….
နောက်ထပ်ရောင်နီတွေမြင်တွေ့ ရမှာတောင်ကြောက်မိနေလေရဲ့

…ကောင်မလေး…….
မင်း….ကြောင့်……..မဟုတ်ဘူး
အချစ်ကြောင့်…..
အလွန်…အကျူး….အရူးအမူး….မိုက်မိုက်မဲမဲ ချစ်တတ်ခဲ့တဲ့
ငါ့ရဲ့စွဲလမ်းမှုကြောင့်…..
ငါ့ကမ္ဘာ….ငါ့……..ဘ၀……အမှောင်အတိကျနေတောင်
နောင်တမရချင်ခဲ့ဘူး…
မင်းပေးခဲ့တဲ့……အဲ့ဒီအလွမ်းတွေကိုပဲ…..မြိန်ယှက်စွာစားသုံး
ခန္တာကိုယ်…ဘုန်းဘုန်းလဲ..ရုန်းထမရခဲ့ရင်တောင်
ငါ့စိတ်တွေ…(ငါ့ဝိညဉ်)တွေကမင်းဆီအပြေး….
ပြီးတော့…..မင်းနဲ့ (မင်းအလွမ်းတွေနဲ့) အဝေးဆုံး……ဟိုးအဝေဆုံးကိုပြေးထွက်…..
လွမ်းဆွတ်ခြင်း ဟရိယာရဲ့တစ်ဖက်ကမ်းမှာ ဘာတွေရှိနေလဲ…..

ရှာဖွေ……မောဟိုက်….နွမ်းလျှ…..ခြေကုန်လက်ပန်းကျ
ဟာ ….အခုချိန်ထိတောင်….အလွမ်းနယ်က မလွတ်နိုင်သေးဘူး…….

ရှိရှိသမျှ…အားမာန်အကုန်တင်း…
”တောက်“…တစ်ချက်ခပ်ပြင်းပြင်းခေါက်
ပြီးတော့မှ ..ငါ့အသည်းငါ ဖနောင့်နဲ့ပေါက်ပစ်တယ်….

သောက်သုံးမကျတဲ့……အသည်းနဲ့မှလူဖြစ်လာတဲ့ကောင်
မိန်မတစ်ယောက်အတွက်နဲ့တောင် ကွဲလွယ်တဲ့အသည်းနဲ့
လောကဓံ……ကို …..မင်းဘယ်လိုအလဲထိုးမလဲ…..

ကောင်မလေး မင်းကြောင့်မဟုတ်ဘူးနော်….
.သောက်သုံးမကျတဲ့ငါ့ အသည်းကြောင့်….
အဖန်တစ်ရာကွဲလဲ…ကျိန်ဆဲရုံပဲရှိတော့တယ်…….

ဒီတူးဆစ်တောင်ငူ

ဝန်ခံချက်………ကာရံတွေ ကျိုးပဲချင်ကျိုးပဲ့ပါစေတဲ့   ခံစားမှုမကျိုးပဲပါစေနဲ့ဆိုတဲ့ ဆရာမောင်လှမျိုး (ချင်းချောင်းခြံ)စကား အတိုင်းးး…ကျွန်တော်ရေးခဲ့သော ကဗျာ မကျ စကားပြေမကျ …၀ါကျ တစ်ခုလောက်သာရှိသော အရာကို ကဗျာဟုမမှတ်ယူစေချင်ပါ…သူငယ်ချင်းများခင်ဗျားးးး

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

lae sar lout phwe kaung taw poem lae ko khan sarr r pay twar par de,

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment