Professional Authors

ယမကာမာယာ သင်္ကြန်

 
မင်းတို့ လုပ်တာ အရေးမကြီးဘူး…
မင်းတို့ ပြတာ အရေးမကြီးဘူး..
မင်းတို့ ဖြစ်နေတာ အရေးမကြီး…
ခေတ်ကြောင့်ပျက်တာ လား…
အသိမဲ့လို့ ဖြစ်တာ လား…
ဒီမှာ ဒီမှာ ကြည့်စမ်း… ဒီမှာ ဒီမှာ ကြည့်စမ်း…
မျက်လုံးမကွယ်သေးတဲ့ အိမ်က မိဘနှစ်ပါးကို
ပြေးကြည့်အုန်း…. အသိရှိပါအုန်း… ။

အို…ဆိုတာ ပြလိုက်မိတာပဲ…
အို…ကိုယ်ထယ်တွေလည်း ပြလိုက်မိတာပဲ…
မူးလွန်း မော့လွန်း… ယမ်းလို့ကျူး…
ခက်တယ် ပျက်တယ် ဒီခေတ် ဒီနှစ်သင်္ကြန်ထဲ…
အရောင်းဈေးခန်းလို ဖြစ်နေကြတာပဲ…။

နောက်တော့လည်း အများပါးစပ်ခွက်ထဲ
ပက်လက်လဲတဲ့ တံတွေးတွေလိုပဲ..
(ပျက်လိုက် သူ့သမီး ကြည့်ပါအုန်း..
မိဘတွေ အထိန်းအသိမ်း ညံ့ဖျင်းလို့..
သူတို့ ဒီလိုဖြစ်နေတာ ပြောကို မပြောချင်ဘူး)..။

လာပါ လာပါ ယက်ခေါ်နေတယ် အတာတံခူး
ပျော်ရွှင်စွာကွယ် တူစုံညီစွာ ကခုန်းမြူးလို့ နှစ်သစ်ကူး..။
လာပါ လာပါ တုန်ခါနေတယ် ပျိုမေတွေရယ် ပျော်ရွှင်စွာကွယ်
ဖျော်ဖြေကာလေ တူစုံညီစွာ ကခုန်မြူးလို့ နှစ်သစ်ကူး..။

ပတ်ဝန်းကျင်လည်း ရိုက်ခတ်သံတွေမစဲ…
လောစပီကာကြီးလို အော်ဟစ်လိုက်တာ
သူတို့ ရစရာ မရှိ ပြဿနာတွေအတိနဲ့
မျက်နှာပြောင်တိုက်လို့ မြူးကြွနေတာပဲ…။

ခေတ်ကြီးဆေးကြောတဲ့ ဆယ်ရာစုတခုက
အသစ်ဆက်ဆက် အိုးမည်းခွက်
အတာကြူးလို့ ကမူးကရူး သောက်လို့မူး
ဝှေ့ယမ်းတော့လည်း ပိတောက်ဖူး
သောက်ရူးတွေလို မိန်းမရူး…
သိက္ခာဆူးလည်း ပျောက်လို့ မူးလို့လူး…။

အော် ဟစ်နေတော့လည်း ဂရုမစိုက်ဖူး..
နောက်တော့လည်း ဂရုမစိုက်ပါဖူး..
မူးမယ် ယမ်းမယ် ကဲမယ်ဆိုရင် လာထား..
အပြိုင်ကြူးတဲ့ ပိတောက်ရူး
ယမကာတွေနဲ့ ဖြန်းလို့ အတာမြူး..။

သမိုင်းနဲ့ ယဉ်ကျေးမှုဆိုတာ ဘယ်မှာလဲ..
အစဉ်အလာမဲ့တဲ့ ဒီနှစ်အတာတံခူး..
စိတ်ပျက် လက်ပျက် နှစ်သစ်ကူး..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Apr 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment