Professional Authors

အကြွင်းမဲ့ ကြိုတင်ကြံစည်မှု (သက်ထွေး)

ကျွန်မ
နောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။
ရှင်သိလား
ခပ်ရှရှ ရယ်မောနေရတဲ့
လူတစ်ယောက်ရဲ့
မွိန္ပ်ပ် စိတ္နံရံမွာ
တခုတ္တရဆုပ္ကိုင္ထားတတ္တဲ့
စိတ်ကူးယဉ်နူးညံ့မှုတွေ
ခဏခဏ ဝင်တိုက်မှုဖြစ်ပွားတယ်ဆိုတာ။
ရှင်ဖြေ
အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့
အက်ကွဲစ မိုးသားတွေ
ပေကျံနေတဲ့
မျက်လုံးမျိုးနဲ့
ရှင်ဖြေ။
ကျွန်မ
အဓိပ္ပာယ်ကို
ဆံပင်အတိုဖြတ်သလို
စွန့်လွှတ်ခဲ့ဖူးတယ်။
ဆွံ့အဝါဒကို
အဖိတ်အစင်များလွန်းတဲ့
ကိလေသာလို
မွေးမြူခဲ့ဖူးတယ်။
ကျွန်မအတွက်
ချစ်ခြင်းမေတ္တာဆိုတာ
ဒိုင်ခွက်ထဲ ထည့်ဖျော်ထားခံရတဲ့
အပြင်းစား ယဉ်ပါးမှုပဲ ။
ကျွန်မနောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။ ။

သက်ထွေး

ညနေ ၅နာရီ  မတ်လ ၈ရက် ၂၀၁၂

In: ကဗျာ Posted By: Date: Apr 16, 2012
Comment #1

ရှင်ဖြေ . . . . လို့ ကျွန်မလဲကဗျာထဲကအတိုင်း
ရဲရဲတင်းတင်းမေးကြည့်ချင်လိုက်တာ ။

commentinfo By: နတ်သမီး at Apr 16, 2012
Comment #2

အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့
အက်ကွဲစ မိုးသားတွေ
ပေကျံနေတဲ့
မျက်လုံးမျိုးနဲ့
ရှင်ဖြေ။
..တပုဒ်လုံး….ကောင်းတယ်ဆိုတာထက်ပိုပါတယ်
လေးစားအားကျမိပါတယ်

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #3

သြော် သူကြီးမရယ် အားကျထှာအေ။ 😛 ဟို ဘိုလိုရော မလုပ်တော့ဘူးလား ညည်းက။ မခိုင်စိုးလင်းက ဘိုလိုဟိုဒင်းဖြစ်ပေးပါတဲ့။ အဲဒါလေးပါ ကြိုးစားကြည့်ပါလား။ 😀 စိတ်အဆိုးရဝူးနော်။ စကားမစပ်အေ မင်္ဂလာနှစ်သစ်ပါ။ ပျော်ရွှင်ပါစေ။

commentinfo By: ChIr0N at Apr 17, 2012
Comment #4

အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့

commentinfo By: MyoZin at Apr 18, 2012
Comment #5

အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့
အက်ကွဲစ မိုးသားတွေ
ပေကျံနေတဲ့
မျက်လုံးမျိုးနဲ့
ရှင်ဖြေ။

သူကြီးရာ…..ဘာလို့ အဲ့လောက်ကောင်းနေတာလဲ..ဗျ
မရောက်ဖြစ်တာလည်းကြာပြီ….ရောက်လိုက်ရင်လည်း တကယ့်အနှစ်တွေချည်းပဲ… 🙂

commentinfo By: terry at Apr 20, 2012
Comment #6

အဓိပ္ပာယ်ကို
ဆံပင်အတိုဖြတ်သလို
စွန့်လွှတ်ခဲ့ဖူးတယ်။ … အရမ်းကောင်းတယ် ..

commentinfo By: ဆန်ဒီ at Apr 25, 2012
Comment #7

mike de kwar,,
lone wa pyat tar de,
kyike de.

commentinfo By: ei lay at Apr 25, 2012
Comment #8

ကျွန်မအတွက်
ချစ်ခြင်းမေတ္တာဆိုတာ
ဒိုင်ခွက်ထဲ ထည့်ဖျော်ထားခံရတဲ့
အပြင်းစား ယဉ်ပါးမှုပဲ ။
ကျွန်မနောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။ ။…………………………အ၇မ်းကောင်းတယ်……….ကိုသက်ထွေး ၇ယ်…………အားပေးလျှက်ပါ

commentinfo By: kaungkaung at May 10, 2012
Comment #9

ကိုသ်ထွေးလို့ တချိန်လုံးထင်နေခဲ့တာ
ခုcommennt တွေဖတ်မိတော့မှ မိန်းကကလေးမှန်း သိတယ်
လေးစားလျက်

commentinfo By: Nothing Special at Jul 30, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment