Professional Authors

လက်မရွံ့ကဗျာဆရာတစ်ယောက်အကြောင်း

အပြင်မှာမှောင်မည်းနေတဲ့ည
အားနည်းတဲ့မီးရောင်အောက်က
အဖြူရောင်စာရွက်တွေပေါ်မှာ
သံမဏိရောင်ဘောလ်ပင်တစ်ချောင်း
သင်ဘာတွေရေးသားနေပါလိမ့်

ဟောဒီမိုးအုပ်နေတဲ့ကောင်းကင်
မီးခိုးရောင်အခန်းကျဉ်းထဲက
ခုတင်တစ်လုံးပေါ်မှာ
ရေဒီယိုကိုင်ရင်းအလုပ်ရှုပ်နေသူ
သင်ဘာတွေများနားထောင်နေပါလိမ့်

ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသောစာမျက်နှာများ
လက်မောင်းသွေးကိုဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့နစ်နာမှု
အစွန်းအထင်းများတဲ့ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ။ ။
မင်းနိုင်သား

In: ကဗျာ Posted By: Date: Apr 14, 2012
Comment #1

ကိုယ့်နာမည်ကိုယ်ချရေးဖို့
အကြွေးကျန်နေသောစာမျက်နှာများ
လက်မောင်းသွေးကိုဖောက်ခဲ့ပေမယ့်
လျော်ကြေးမရလိုက်တဲ့နစ်နာမှု
အစွန်းအထင်းများတဲ့ကိုယ်ရေးရာဇ၀င်နဲ့
သွားခေါခေါဆံပင်ရှည်ရှည်တစ်ယောက်ဟာ
ဝင်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ။ ။
မင်းနိုင်သား

ဆရာအား…လေးစားအားကျလျက်ပါ

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #2

… သင်ဘာတွေရေးသားနေပါလိမ့်
… သင်ဘာတွေများနားထောင်နေပါလိမ့်
… ၀င်သွားတဲ့နေကိုဆယ်ယူဖို့
ပင်လယ်ကိုထွက်သွားပါပြီ

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment