ကျွန်မ ရဲ့ ကြိုး
မွှေးပျံသောစာလုံးလှလှများ
ရင်နဲ့ရင်းရသောစာလုံးမွမွများ
နှလုံးသားမှလွှင့်စင် ဖိတ်လျှံကျလာသည်။။။။။။။
ထိုမည်သော စာလုံးများရင်ဖတ်ပေါ်မှာပြန့်ကျဲနေသည်။။။။။။။။။။
ထိုထိုသော စာလုံးများ ကို ချစ်စရာအသွင်ကူးပြောင်းပေးမည့်
ကဗျာ တပုဒ်အဖြစ်သီရန် ပိုးကြိုးလေးတစ်မျှင် ကျွန်မလိုအပ်ပါသည်။။။။။။။။။။
လရောင်အောက်မှာ ကျွန်မရှာဖွေသည်………
နေရောင်အောက်မှာလဲ မလွတ်တ မ်းပေါ့…………..
သီရ န်ကြိုးကားပျောက်ဆုံးနေသည်……..
ဦးနှောက်က လှုံဆော်လို့ နှလုံးသားကိုကျွ န်မ လှမ်းမေးရသည်။။။။။။။။။။။
ုနှလုံးသားညွှန်ရာ ရှာဖွေသောခါဝယ်…………….
ကျွန်မ ရဲ့ ပိုးကြိုးမျှင်မျှင်လေး ……..ဆွေးမြေ့နေရှာသည်……….
သီရန်ကားဝေးစွ………………. ပြ တ်လုပြတ်ခင်ကြိုးလေးအား မျက်ရည်ကြားမှ နှမြောစွာပိုက်ပွေ့ထားမိသည်.
ထိုကြိုးအား ပြန်မဆက်လိုပေ……….အ ထုံးပါသောကြိုးအားကျွ န်မ မလိုချင်တော့ပါ………
ကျွ န်မလစ်လျှုရခဲ့ရတော့သည်။
Comment #4
ကျေးဇူးတင်ပါတယ်ရှင်……..
By: May Kha at Apr 14, 2012
Comment #5
မေခရေ….ကေ အားပေးသွားပါတယ်….စာသားလေးတွေက ကောင်းလွန်းတယ်ဗျ…။ ။
By: ကေသရီ at Apr 14, 2012
Comment #6
အ ထုံးပါသောကြိုးအားကျွ န်မ မလိုချင်တော့ပါ………
By: နတ်သမီး at Apr 16, 2012
Comment #7
အထုံးရှိနေသမျှ
အဖုအထစ်တွေ့ရမှာ
လုံးဝသေချာတယ်။
ဝေဒနာ ဘယ်လောက်ဆိုးဆိုး
ပြတ်တဲ့ကြိုးကို
မဆက်သင့်တော့…..
ကဗျာသီ
အလွမ်းတေးဖွဲ့
နေတက်သလို
နေခဲ့ဖူးရဲ့။။။
By: mr.black at Nov 5, 2012
Comment #8
ကော်မန့်ပေးတဲ့တွက်ကျေးဇူးတင်ပါတယ်.
By: May Kha at Nov 5, 2012




Comment #1
ကဗျာလေးက လှလိုက်တာ။
ပျောက်ဆို ရွာပြန်ရောက်ပြီး အင်တာနှေးနဲ့ နှပါးသွားနေရတယ်လေ။