Professional Authors

နှင်းဆီရာဇ၀င်

ပွင့်ဖတ်ကြွားကြွား
ရနံ့စုံမြိုင်- ရောင်သွေးကြွရွ
ထိုနှင်းဆီကား-ဆူးပင်ကာရံ
ကားစီးခြားမှ
ဆင်သူပန်သူ- ခူးအဆွတ်ကို
မာနဟန်ဆောင်
လိုက်လျှောထွေကာ
ခူးသူလက်တွင်း
အလိုတော်ကျ-အသုံးပြုစေ
မာန်ဝင့်ထည်စွာ
ကျက်သရေဆောင်လို့
ကိုယ်ကိုမာန်တင်း
ဝင့်ထည်ကြွားရွား
သူသက်ဆင်း၏။
စက္ကန့်…နာရီ
ရက်ကူးအပြောင်း
အလှလဲပြယ်၊ ရနံ့ပြယ်လို့
ခြောက်သွေ့ညှိုးနွမ်း
ရနံ့ပျောက်ကာ- စွတ်သူငြိုငြင်
အမှိုက်သွင်သို့
သက်ဆင်းရလေတော့သောခါ …………….

In: ကဗျာ Posted By: Date: Apr 13, 2012
Comment #1

ကောင်းလိုက်တာ မေခရေ။

မင်္ဂလာ နှစ်သစ် ဖြစ်ပါစေဗျား။

commentinfo By: ကံ့ကော်မောင် at Apr 13, 2012
Comment #2

အားပေးတာကျေးဇူးတင်ပါတယ်ရှုင်…..
ထပ်တူကျပါစေ……..

commentinfo By: May Kha at Apr 13, 2012
Comment #3

အမ..
.လေးလုံးစပ်ပုံစံလေး…ကောင်းတယ်ဗျ.

commentinfo By: poem.poem28 at Apr 30, 2012
Comment #4

မေခရေ….
လေးလုံးစပ်ကဗျာဆိုတာ
လေးလုံးစီရေးရုံနဲ့ မရဘူးဗျ။
မန်ကျည်းရွက်ထပ်ကာရံသုံးရတယ်။

commentinfo By: mr.black at Nov 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment