Professional Authors

အသက်မဲ့ နှလုံးသား

“ဘယ်သူ့ကိုမှ မလွမ်းရဘူး” လို့

ပြောတဲ့နင်

နင်ရော ငါ့ကိုယုံရဲ့လား…

 

“လူတိုင်းကို ယုံတာမျိုးလည်း မဖြစ်စေနဲ့” လို့

ပြောတဲ့နင်

ငါရောနင့်ကို ယုံရမှာလား…

 

“အဖြူရောင်” ကို ဆေးသုတ်မယ့်နင်

နင်သုတ်တဲ့ ဆေးရောင်

တည်မြဲပါ့မလား….

 

”ပန်းရောင်ဆေးစွန်းသွားပြီလို့

ပြောတဲ့နင်

တစ်ချိန်မှာ အရောင်မှိန်သွားမှာလား…..

 

“အတ္တ” ကို

လက်ကိုင်ထားပြီး

”နောင်တမရချင်” တဲ့ နင်နဲ့

“ခံစားချက်”ကို

ရှေ့တမ်းတင်တတ်တဲ့

 ငါတို့ရဲ့ နေ့ရက်တိုင်း

အသက်ဝင် ခိုင်မြဲပါ့မလား…

 

In: ကဗျာ Posted By: Date: Apr 11, 2012
Comment #1

“အတ္တ” ကို

လက်ကိုင်ထားပြီး

”နောင်တမရချင်” တဲ့ နင်နဲ့

“ခံစားချက်”ကို

ရှေ့တမ်းတင်တတ်တဲ့

ငါ …..

commentinfo By: ကံ့ကော်မောင် at Apr 13, 2012
Comment #2

အဖြူရောင်” ကို ဆေးသုတ်မယ့်နင်

နင်သုတ်တဲ့ ဆေးရောင်

တည်မြဲပါ့မလား….

commentinfo By: May Kha at Apr 13, 2012
Comment #3

အချစ်ဆုံးသူအတွက်

commentinfo By: wailwin at Apr 24, 2012
Comment #4

wowwwwwwww
interesting

commentinfo By: ei lay at Apr 24, 2012
Comment #5

ညီမလေး ကဗျာ လာဖတ်သွာပါတယ်….

ဘယ်သူ့ကိုမှ မလွမ်းရဘူး” လို့

ပြောတဲ့နင်

နင်ရော ငါ့ကိုလွမ်းရဲ့လား……….

i like that….

commentinfo By: ဇေ၀သုန် at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment