Professional Authors

စိတ်ပျက်ဖို့ကောင်းတဲ့ အမှောင်ထဲကခရီးသွားတစ်ယောက်

ကျွန်တော်က အမှောင်ထဲကလူ
တိတ်ဆိတ်ခြင်းတွေ တိုက်စားခံရင်း
ရေးလိုက်ဖျက်လိုက်နဲ့
ကြိုးစားရေးနေဆဲပြေလည်မှုဆိုတဲ့ စာလုံးတစ်လုံး
အလင်းရောင်ကိုတော့ကြောက်တယ်
ကိုယ့်ကိုကိုယ် ပြန်မမြင်ဝံ့ဘူးပေါ့ဗျာ
စိတ်ပျက်ဖို့ကောင်းတဲ့ ခရီးတစ်ထောက်
ကျွန်တော်က
ဟား….ဟား….ဟား….
လမ်းလိုလို မြွေလိုလို အရိပ်တွေ
အတင်းလိုလို အဖျင်းလိုလို အတိတ်တွေ
အသစ်လိုလို အဟောင်းလိုလို အကြည့်တွေ
ကျွန်တော်က အမှောင်ထဲက ရှင်သန်ရင်း
အားလုံးကို မြင်တယ် ကြားတယ်
ရပ်လိုက်…သွားလိုက်နဲ့ပဲ
စိတ်ပျက်ဖို့ကောင်းတဲ့
ခရီးသွားတစ်ယောက်က..ကျွန်တော် ။  ။

In: ကဗျာ Posted By: Date: Apr 8, 2012
Comment #1

not only 1 u alone,,but also we r same.
: ) 🙂
really nice poem

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment