Professional Authors

နားလည်မှု

နင်ပျော်အောင် ငါလုပ်ခဲ့တာ
နင်ငိုဖြစ်အောင် မရည်ရွယ်ပါဘူးကွာ..

နားလည်မှုမရှိတော့ခက်တယ်
ဆိုးလွန်းလှတဲ့ မင်းတစ်ယောက်ကိုပဲ
ငါအပြစ်မမြင်ဘဲ ချစ်နေမိတော့တယ်…

ငါမှာ မာနအပြည့်ရှိတယ်
ဒါပေမဲ့ မင်းနဲ့ပတ်သတ်လာတဲ့အခါ
ငါ့မာနတွေ မရှိတော့တာအမှန်..
ဘာဖြစ်လို့လဲသိလား..မင်းကိုချစ်နေလို့ပဲ..

ငါအရာရာကို သည်းခံခွင့်လွတ်ခဲ့တာ
ချစ်လွန်းလို့ဆိုတာ မင်းသိသင့်ပါတယ်…

အပြစ်မယူဘဲ ချစ်ခဲ့မိတာ
မင်းတစ်ယောက်တည်းပါ
ငါမှားခဲ့တယ်ဆိုတာ ငါသိတယ်
အဲဒီအမှားအတွက် ငါပေးဆပ်မယ်
ဒါပေမဲ့ မင်းနားလည်မပေးနိုင်တော့ နားလည်ရခက်တယ်…

လူတိုင်းဟာ မပြည့်စုံပါဘူး.အမိ
အမှားဆိုတာရှိတတ်တာပဲ..
ချစ်တဲ့သူတိုင်းဟာ နားလည်မှုမရှိရင်
အချစ်ဆိုတာ မပေါ်လာနိုင်ပါဘူး..

မင်းချစ်တယ်ဆိုတာ
ငါကိုမမှီးသေးပါဘူးကွာ..
နားလည်မှုမရှိတဲ့ သူများအတွက်ပါ..
                                                   စိုး………..

In: ကဗျာ Posted By: Date: Apr 8, 2012
Comment #1

😉 😉 😉 😉 😉

commentinfo By: ei lay at Apr 8, 2012
Comment #2

နင်ပျော်အောင် ငါလုပ်ခဲ့တာ
နင်ငိုဖြစ်အောင် မရည်ရွယ်ပါဘူးကွာ..
အပြစ်မယူဘဲ ချစ်ခဲ့မိတာ
မင်းတစ်ယောက်တည်းပါ
ငါမှားခဲ့တယ်ဆိုတာ ငါသိတယ်
အဲဒီအမှားအတွက် ငါပေးဆပ်မယ်

ကောင်းပါတယ်ဗျာ အားပေးသွားပါတယ် ………

commentinfo By: arkar at Apr 9, 2012
Comment #3

လူတိုင်းဟာ မပြည့်စုံပါဘူး.အမိ
အမှားဆိုတာရှိတတ်တာပဲ..
ချစ်တဲ့သူတိုင်းဟာ နားလည်မှုမရှိရင်
အချစ်ဆိုတာ မပေါ်လာနိုင်ပါဘူး..

commentinfo By: ကံ့ကော်မောင် at Apr 10, 2012
Comment #4

Thanks to ma ei, arkar, and kant kaw mg…

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment