အသည်းခွဲသူ…..ငိုပွဲ
………………………………….
ဘယ်လိုပြောရမလည်း???
ကျွန်တော့် ငိုချင်းချတေးသွားတွေအကြောင်း
ဒီဇာတ်လမ်းမှာ….အစမရှိဘူး…ဒါပေမယ့်
အဆုံး
သတ်သွားခဲ့တယ်။
“ဘယ်တော့မှခွဲမသွားပါဘူး”လို့
အပြန်ပြန် အလှန်လှန် ပြောမိခဲ့တဲ့
ငါ့နှုတ်ခမ်းတွေအတွက်
နင် တင် မ က
ငါ့အသည်းညှာပါ..ကြေမွခဲ့ရပါတယ် အချစ်ရယ်
နင် မယုံရ ဘူး နော်။
ကွဲကွာခြင်း ဆိုတာ ဗီလိန်တွေရဲ့ အငိုရုပ်လိုပဲ
ဘယ်လိုမှ ကြည့်မကောင်းဘူး
မဟောင်းနိုင် တဲ့ ချစ်ခြင်းတွေအတွက်
လွမ်းဆွတ်သတိရမှုနဲ့ ငိုကြွေး ကြစတမ်းဆို
နင်က ငါ့ထက် သာ ၀မ်းနည်းရမှာပါ
နင်က ငါ့ကို ပို ချစ် တယ် လေ။
ထားခဲ့သူမှာ အလွမ်းမရှိဘူးတဲ့
ငါကိုယ်တိုင်ပဲ တချိန်က သုံးနှုန်းခဲ့ဖူး
ဒီအချိန်မှ ရင်နင့်အောင် အသည်းနာတဲ့အကြောင်း
(နင့်ကို) အရေးတယူ ပေး….သိ..မနေ တော့ပါဘူး
ငါရက်စက်တယ်လို့ ပဲ တရားသေ မှတ်ယူလိုက်ပါအချစ်ရယ်။
“မငိုပါနဲ့” မပြောရက်ပါဘူး
ဒါပေမယ့်..ဒီနေ့မှာတင် ၀ အောင် ငိုပါ
မနက်ဖြန်ထဲ ဘယ်တော့မှ ပေါင်းစပ်လို့မရမယ့်
ငါ့အကြောင်းတွေ….သ.ယ် ယူတွေး ဆွေးမနေနဲ့။
နယ်ခြားလို့လည်းမဟုတ်ဘူး ရင်ခွင်ခြားလို့လည်းမဟုတ်ဘူး
အသွင်မတူလို့လည်းမဟုတ်ဘူး အမြင်မတူလို့လည်းမဟုတ်ဘူး
ပြီးတော့ ငါ…..ငိုနေမှာလည်း….မဟုတ်…မဟုတ်ဘူးလို့ပဲ..နင်သိထား
ငါ့အတွက်
ဘယ်သောအခါမှ..နင်ထပ်မငိုပဲ သံသရာ အဆက်ဆက် ထိ မုန်း မေ့ ပြစ်ပါ။
နင်ယုံကြည်ထား
ငါမပါဝင်တော့တဲ့ နင့်အနာဂတ်ဟာ….အရာရာ….ထက်….ပိုတောက်ပလာပါလိမ့်မယ်။
Comment #2
အသဲခွဲသူ ငိုပွဲ
အ၇မ်းကောင်းပါတယ်…
By: poohmay at Apr 6, 2012
Comment #5
huhhhhhhhhhhhhhhhh
By: ei lay at Apr 6, 2012
Comment #6
ထပ်တူထပ်မျှ …
By: sharon myorr myor at Apr 6, 2012
Comment #7
အသည်းခွဲသူရော ကွဲသူရော ငိုရတာချည်းပဲ မိုးရဲ့
By: နတ်သမီး at Apr 7, 2012
Comment #8
နယ်ခြားလို့လည်းမဟုတ်ဘူး ရင်ခွင်ခြားလို့လည်းမဟုတ်ဘူး
အသွင်မတူလို့လည်းမဟုတ်ဘူး အမြင်မတူလို့လည်းမဟုတ်ဘူး
ပြီးတော့ ငါ…..ငိုနေမှာလည်း….မဟုတ်…မဟုတ်ဘူးလို့ပဲ..နင်သိထား
ငါ့အတွက်
ဘယ်သောအခါမှ..နင်ထပ်မငိုပဲ သံသရာ အဆက်ဆက် ထိ မုန်း မေ့ ပြစ်ပါ။
By: မ at Apr 7, 2012
Comment #12
ကဗျာအပိတ်နှစ်ကြောင်းက ကဗျာအနှစ်ဘဲအစ်မတော်ရေ
အစ်မတော်က လက်တွေထက်နေဆဲဘဲဗျနော် ~~
With respect,
RAY
By: X - ray at Jun 20, 2012
Comment #13
ချစ်လျှက်နဲ့အသဲခွဲခဲ့တဲ့သူ အသဲကွဲခဲ့သူကအတူတူပဲလို့ထင်ပါတယ်နော်
By: kyalsinlaye at Jun 20, 2012
Comment #14
အနစ်နာခံမှုဆိုတာ ဓါတ်ငွေ့မပါဘဲလည်း လင်းပါတယ်။ ကိုယ့်ရဲ့ စေတနာကြောင့် သူလင်းနိုင်ပါစေသားပေါ့။
By: ကြယ်စစ်သည် at Sep 22, 2012
Comment #15
အသဲကွဲမိုး ဟုခေါ်သည်…
By: newun at Oct 31, 2012




Comment #1
ဖတ်ရတာ နင့်နေတာပဲ သဲကွဲမိုးရယ်။ သိပ်ကောင်းပါတယ်။