Professional Authors

လတ်ဆတ်လမ်းသွယ်စိမ်း

ကားဘီးတွေ ဘာဖြစ်လို့လဲ

ရေဒီယို ခဏပိတ်၊ ဂျက်ကျနေတဲ့

နောက်ကျိမှန်၊ တံခါး၊ စိတ်များ

အားလုံး အဆုံးထိဖွင့်

လတ်ဆတ်လမ်းသွယ်စိမ်း

အနံ့ဟောင်းမရှိတဲ့ ကွင်းပြင်တွေ

မြင်မြင်ချင်း ချစ်လိုက်တာ

မြင်မြင်သမျှအစိမ်း၊ မမြင်ရတဲ့ လေညှင်းတောင်

အစိမ်းရောင်ပဲဖြစ်လိမ့်မယ် ငါ ထင်မိ၊

မင့်ဆီမှာ တောင်လည်းညို

မင့်ဆီမှာ မိုးလည်းစွေ

မင့်ဆီမှာ ပန်းလည်းတင်

မိုးငွေ့ ဆွတ်ပျံ့ ညနေတခွင်လုံး စိမ်းလို့

ကားဘီးတွေ ဘာမှမဖြစ်ဘူး၊

အားဖြည့်လန်းဆန်းစက် ဖွင့်လိုက်တယ်။

လူတစ်ယောက် ဘ၀မိုင် (၅၀၀၀) မောင်းနှင်ဖို့

(မောင်သိန်းဇော်) (ရှုမျှော်ခင်း ၂၁ – ၁၉၉၇)

Leave Comments

Name*

Email*
Website
Email me whenever there is new comment