“ခွင့်လွှတ်စေရန် ရည်ရွယ်လျှက်………”
သံယောဇဉ်တွေများပြားနေကြောင်း
နင့်နှုတ်ဆက်စကားတို့ကြားရမှ
သတိထားလိုက်မိတယ်….
နင်နဲ့ ဝေးရင်…..ငါ ဘယ်လိုရှင်သန်နေရမလဲ….???
အတွေ့အထိမပါ
လှည့်စားမှုနတ္ထိ….တွေးကြည့်ရင်တောင် ဖြူစင်မှုတွေများခဲ့တယ်
ဒါတွေ သိခွင့်ရတဲ့ အချိန်…အခု
သိပ်နောက်မကျသေးဘူးလို့ ယူဆပါရစေ….။
ဘေးနားမှာအတူရှိတဲ့အခါ
လုံခြုံခြင်းတို့ သိပ်သည်းစွာပေးခဲ့
ငါ ဘယ်ခွဲနိုင်ပါ့မလဲ…..
မသိစိတ်ရဲ့ အားကိုးလိုမှုက ရင်ခွင်ထဲမှာ ဗြောင်းဆန်နေဆဲပဲ…။
ခြေလှမ်းတို့မပြင်ပါနဲ့
နင်နှစ်သက်ရာတွေ ဆင်မြန်း..
နှုတ်စကားတို့လည်း အတက်နိုင်ဆုံး သာယာပေးပါ့မယ်
မာနတွေကြောင့် ချမပြခဲ့ရတဲ့
တွယ်တာလိုမှုတွေ…..
တားဆီးမရဘဲ….ငါ့အတ္တကို အနိုင်ယူနေလို့ပါ…။
နှုးညံ့စွာ ဆက်လက်ပြုံးပြပါ
တစ်မိုးအောက်မှာ နင်သည်သာ ငါ့ဘေးမှာ ရပ်တည်ပေးသူမို့
မထားခဲ့ပါနဲ့
နင်နဲ့ပတ်သက်…ငါ့မျှော်လင့်ချက်တွေေ၀၀ါးကုန်မှာ စိုးတယ်…။
“ကိုယ်ရံတော်” သီချင်း ငါညည်းတိုင်း
အရင်လို သဘောကျနေတတ်တဲ့ နင်…..ရှိမှဖြစ်မှာမို့
သံသယတွေနဲ့ ရှောင်ထွက်မသွားပါနဲ့
ရင်ခွင်နှစ်ခုလုံး ငိုသံတွေကြားရမှာ
ငါကြောက်တယ်…..။
Comment #2
excellent,,
whatever,,whenever,,love forever,
never leave alone.
By: ei lay at Apr 2, 2012
Comment #3
တစ်မိုးအောက်မှာ နင်သည်သာ ငါ့ဘေးမှာ ရပ်တည်ပေးသူမို့
မထားခဲ့ပါနဲ့
နင်နဲ့ပတ်သက်…ငါ့မျှော်လင့်ချက်တွေေ၀၀ါးကုန်မှာ စိုးတယ်…
By: ကံ့ကော်မောင် at Apr 3, 2012
Comment #4
ခွင့်လွှတ်စေရန် ရည်ရွယ်လျှက်
By: poohmay at Apr 3, 2012
Comment #6
ဘေးနားမှာအတူရှိတဲ့အခါ
လုံခြုံခြင်းတို့ သိပ်သည်းစွာပေးခဲ့
ငါ ဘယ်ခွဲနိုင်ပါ့မလဲ…..
မသိစိတ်ရဲ့ အားကိုးလိုမှုက ရင်ခွင်ထဲမှာ ဗြောင်းဆန်နေဆဲပဲ…။
By: kaungthantwinn at Apr 18, 2012
Comment #7
i read ………I feel that……..
By: ဇေ၀သုန် at Apr 27, 2012
Comment #9
really excellent.
By: ei lay at Jun 17, 2012




Comment #1
မကေ….
ထပ်တူခံစားသွားပါတယ်…..။